ဝိုင်းလေးကတော့ အသံချိုချိုလေးတွေကြောင့် ပရိသတ်လက်ခံအား ပေးလာ တဲ့ အနုပညာရှင် အဆိုတော်တစ်ယောက် လည်းဖြစ်ပါတယ် ။ယခုမှာတော့ ဝိုင်းလေးဟာ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုရရှိနေသူလေးပဲဖြစ်ပါတယ်။သူမကတော့ သီချင်းတွေ ကိုယ်တိုင်ရေးသားနိုင်သလို ကိုယ်တိုင်လည်း ဂီတတူရီယာတွေကို တီးခတ်နိုင်တဲ့ အဆိုတော်မလေး တစ်ဦးဖြစ်ပါတယ်။ 

Myanmar Idol သီချင်းဆိုပြိုင်ပွဲကြီး ကထွက်ပေါ်လာတဲ့ဆိုဖီယာကတော့ တစ်ကိုယ်တော်တေးသီချင်းထွက်ရှိထားပြီး သီချင်းဆိုဘက်မှာ အောင်မြင်နေရုံသာ မက သရုပ်ဆောင်နဲ့ ပတ်သက်ပြီးတော့လည်း ဇာတ်ကားတွေရိုက်ကူးထားတယ်။သူမကတော့ ယခုမှာပရိသတ်အခိုင်အမာရရှိထားတဲ့ ပြည်သူချစ်အနပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။   

ယနေ့မှာတော့ ဝိုင်းလေးနဲ့ ဆိုဖီယာတို့ သူငယ်ချင်းတွေဟာ ကောင်းကင်ကကြွေကျလာတဲ့ နတ်သမီးလေးတွေအလား လှပနေခဲ့ပါတယ်။ သူမတို့သူငယ်ချင်းတွေကတော့ ချင်းမိုင်ကို ရောက်ရှိနေခဲ့တာပဲဖြစ်ပြီး " Back to Home THANKS LOADS TARCHI LEIK CHING MAING ရေ !ထပ်ဆုံမယ်နော် " ဆိုပြီး ချစ်စရာပုံလေးတွေနဲ့အတူ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။

SOURCE: ဆိုဖီယာ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။