ပြီးခဲ့တဲ့ မေလ ၁၃ ရက်နေ့မှာတော့ တရုတ်နိငံဟာ အမေရိကန်နိုင်ငံရဲ့ သွင်းကုန်တော်တော်များများကို

အခွန်ပိုင်းဆိုင်ရာမှာ ကြီးကြီးမားမား စည်းကြပ်မယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒါကတော့ အမေရိကန်နဲ့ တရုတ်နိုင်ငံကြားက ကုန်သွယ်ရေးစစ်ပွဲတခုဖြစ်သလို အမေရိကန်ရဲ့ ုလုပ်ရပ်ကို တရုတ်ဘက်က ပြန်လည်တုံပြန့်ခဲ့တဲ့ တုန့်ပြန်မှု တစ်ခုပဲဖြစ်ပါတယ်။

အမေရိကန်ပြုလုပ်ခဲ့တာကတော့ ပြီးခဲ့တဲ့ ရက်အနည်းငယ်လောက်က အမေရိကန်ဒေါ်လာ ၂၀၀ ဘီလျံလောက်ရှိတဲ့ တရုတ်သွင်းကုန်တွေကို စည်းကြပ်ခွန်တိုးမြှင့်ခဲ့တာပဲဖြစ်ပါတယ်။

ဒါ့ကြောင့် တရုတ်ဟာဆိုရင်လည်း လာမယ့် ဇွန်လ ၁ ရက်နေ့ကစတင်ပြီး အမေရိကန်ရဲ့ ကုန်ပစ္စည်း အမယ် ၅၁၄၀ အပေါ်မှာ ထပ်တိုးအခွန်စည်းကြပ်မှုတွေ ပြုလုပ်သွားတော့မှာပဲဖြစ်ပါတယ်။

တရုတ်ဘက်ကတော့ အမေရိကန်ရဲ့ သွင်းကုန်တွေအပေါ်မှာ ထပ်တိုးသွင်းကုန်ခွန် ၅ ရာခိုင်နှုန်း ကနေ၂၅ ရာခိုင်နှုန်းအထိ စည်းကြပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာဆိုရင်လည်း တရုတ်နိုင်ငံဟာ အမေရိကန်နိုင်ငံရဲ့ ကုန်သွယ်ရေးစစ်ပွဲ ဖြစ်လိုတဲ့ဆန္ဒမရှိပေမယ့် ဖြစ်လာခဲ့ရင်လည်း လုံးဝကြောက်ရွံ့သွားမှာ မဟုတ်ဘူးလို့ သိရပါတယ်။

source- MSNBC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။