ကမ္ဘာ့နိုင်ငံအသီးသီးကလေးစားအားကျနေရတဲ့ မြန်မာ့ကိုယ်စားပြု One Championship (MMA) ကမ္ဘာ့ချန်ပီယံကြီး အောင်လအန်ဆန်းရဲ့အောင်မြင်မှုကို အားလုံးလည်း လေးစားကြမယ်ထင်ပါတယ်။ ပွဲကောင်းများစွာကို ထိုးသတ်ခဲ့ပြီး ကမ္ဘာ့နိုင်ငံအသီးသီးက လက်ဝှေ့သမားများစွာရဲ့ လေးစားမှုကို ရရှိထားတဲ့သူတစ်ယောက်ဆိုလည်း မမှားပါဘူး။ အောင်မြင်မှုများစွာကိုရရှိထားတဲ့ အောင်လအန်ဆန်းကတော့ လက်ရှိမိသားစုကို အချိန်ပေးအနားယူနေပြီး မကြာမီယှဉ်ပြိုင်မည့် လိုက်ဟဲဗီးဝိတ်ချန်ပီယံကာကွယ်ပွဲအတွက်လည်း ပြင်ဆင်မှုတွေပြုလုပ်လျှက်ရှိတာတွေ့ရပါတယ်။  

ကမ္ဘာ့အသိမှတ်ပြု One Championship (MMA) ချန်ပီယံကြီး အောင်လအန်ဆန်းကတော့ သူ့ရဲ့ လှုပ်ရှားမှုပုံရိပ်တွေကို မကြာခဏပြသလေ့ရှိတာလည်း တွေ့ရပါတယ်။ မနေ့က အောင်လအန်ဆန်းကတော့ ဂျပန်နိုင်ငံကို ရောက်ရှိနေတဲ့ပုံရိပ်လေးတွေနဲ့အတူ ဂျပန်နိုင်ငံကို နောက်တစ်ခါယှဉ်ပြိုင်ဖို့ လာရန်ရှိနေကြောင်း ရေးသားထားတာတွေ့ရပါတယ်။ ခရီးသွားခြင်းကို ကြိုက်နှစ်သတ်တဲ့ အောင်လအန်ဆန်းကတော့ ဂျပန်နိုင်ငံခရီးစဉ်ကို သဘောကျနှစ်သက်ပြီး ဂျပန်လူမျိုးတွေရဲ့ နေထိုင်မှုကိုလည်း လေးစားသူတစ်ယောက်လည်းဖြစ်ပါတယ်။  

ဂျပန်ဖိုက်တာ ခန်ဟစဲဂါဝါနဲ့ပြိုင်ပွဲအပြီး ဆက်လက်ယှဉ်ပြိုင်ထိုးသတ်ဖို့ သဘောတူခဲ့တဲ့ လိုက်ဟဲဗီးဝိတ်ပြိုင်ပွဲကတော့ အဆိုပါဂျပန်နိုင်ငံမှာပဲ ယှဉ်ပြိုင်မှာဖြစ်ပြီး လာမည့် အောက်တိုဘာလ အတွင်း မှာစီစဉ်ထားကြောင်း သိရပါတယ်။ ပြင်ဆင်မှုတွေနဲ့အတူ နေသားကျနေပြီဖြစ်တဲ့ အောင်လအန်ဆန်းကတော့ အဆိုပါ လိုက်ဟဲဗီးဝိတ်ချန်ပီယံ ကာကွယ်ပွဲအတွက် အဆင်သင့်ဖြစ်နေသူတစ်ယောက်ဖြစ်ကြောင်း သိရပါတယ်။ ဂျပန်နိုင်ငံရောက် အမှတ်တရပုံရိပ်တွေပြသထားတဲ့ အောင်လအန်ဆန်းရဲ့ ပုံရိပ်တွေနဲ့အတူ ဒုတိအကြိမ်ဂျပန်နိုင်ငံပြိုင်ပွဲကြီးကို အတူတူအားပေးဖို့ ဖိတ်ခေါ်ရင်း မျှဝေပေးလိုက်ပါတယ်။

HOTOS - AUNG LA NSANG

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။