ပရိသတ်ကြီးရေ.. ပြီးခဲ့တဲ့ မေလ(၁၂)ရက်နေ့က မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ရန်ကုန်-မန္တလေးလေကြောင်းလိုင်း တစ်ခုဖြစ်တဲ့ MNA လေယာဉ် စက်ချို့ယွင်းမှုဖြစ်ခဲ့တဲ့ ကိစ္စဟာ ပရိသတ်တွေကြား လူပြောများရေပန်းစားနေတာ တွေ့ရပါတယ်နော်..။

လေယာဉ်ရှေ့ဘီးချမရလို့ အရေးပေါ်ဆင်းသက်ခဲ့ရတာဖြစ်ပြီး ဆုံးဖြတ်ချက်မှန်ကန်ပြီး တော်လွန်းတဲ့ လေယာဉ်မှူးရဲ့ ဆုံးဖြတ်ချက်ကြောင့် ခရီးသည်တွေအားလုံး လေယာဉ်ထဲကနေ အန္တရာယ်ကင်းစွာ ဆင်းသက်နိုင်ခဲ့ပါတယ်..။


ပရိသတ်တွေရဲ့ အချစ်တော်တွေဖြစ်ကြတဲ့ သရုပ်ဆောင်နေမင်း၊စည်သူမောင်၊ ခင်လေးနွယ်နဲ့ ယုသန္တာတင်တို့ဟာ အဆိုပါ MNA လေယာဉ်မှာ ခရီးသည်တွေအဖြစ် စီးနင်းလိုက်ပါခဲ့ကြပြီး လေယာဉ်စက်ချို့ယွင်းမှု ဖြစ်ပွားခဲ့စဉ်ကလည်း နေမင်းက Live လွှင့်ပြီး အခြေအနေတွေကို ပြောပြခဲ့ပါသေးတယ်..။

နေမင်းရဲ့ Live ဗီဒီယိုလေးဟာ မြန်မာပြည်သူပရိသတ်တွေနဲ့ မြန်မာနိုင်ငံမှာ ရှိတဲ့ သတင်းမီဒီယာတွေမှာ ဖော်ပြခံရတဲ့အပြင် ကိုရီးယားနဲ့ ကမ္ဘာကျော်နိုင်ငံခြား သတင်းဌာနတွေမှာလည်း ပါဝင်လာတာ တွေ့ရပါတယ်..။


နေမင်းရဲ့ Live ဗီဒီယိုလေးနဲ့ သတင်းဖော်ပြခဲ့ကြတဲ့ နိုင်ငံခြား သတင်းဌာနတွေကတော့ ကိုရီးယားသတင်း YTN သတင်းဌာန၊ စင်္ကာပူသတင်းဌာန၊ နယူးယောက်နဲ့ လန်ဒန်သတင်းဌာန abc သတင်းဌာနတွေမှာ ပါဝင်ခဲ့တာပဲ ဖြစ်ပါတယ်နော်..။

နေမင်းက သူ့ရဲ့ Live ဗီဒီယိုလေးနဲ့အတူ သတင်းဖော်ပြခံရတဲ့အတွက် ဝမ်းသာဂုဏ်ယူနေသလို အတွေ့အကြုံအဖြစ်အပျက်တွေကို သိချင်ကြသူတွေအတွက်လည်း စာနယ်ဇင်းရှင်းလင်းပွဲပြုလုပ်ပြီး ပြောပြခဲ့တာလည်း တွေ့ရပါတယ်..။

Photo - နေမင်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။