ပရိသတ်ကြီးရေ.. အနုပညာလောကမှာ အောင်မြင်မှုတွေအခိုင်အမာနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားတဲ့ အနုပညာရှင်များစွာထဲမှာပဲ သရုပ်ဆောင်မင်းသမီးချော ရွှေမှုံရတီနဲ့ အဆိုတော် ပိုပိုတို့ကလည်း အပါအဝင်ပါပဲ..။

သဲလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ ရွှေမှုံလေးကတော့ အရွယ်နဲ့မလိုက်အောင် ပီပြင်တဲ့ သရုပ်ဆောင်ပိုင်နိုင်မှုတွေကြောင့် ပရိသတ်တွေရဲ့ တခဲနက်အားပေးဝန်းရံမှုတွေကို ရရှိထားသလို မတ်မတ်လို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ အဆိုတော်မလေး ပိုပိုကတော့ ဂီတလောကမှာ အသံပါဝါကောင်းကောင်းနဲ့ တေးသီချင်းလေးတွေကြောင့် ပရိသတ်တွေကြား အမြဲရေပန်းစားသူလေးပဲ ဖြစ်ပါတယ်..။


မတူညီတဲ့ အနုပညာနယ်ပယ်အသီးသီးကနေ ပရိသတ်တွေရဲ့ သည်းသည်းလှုပ် အားပေးဝန်းရံမှုတွေကို အပြည့်အဝရရှိထားကြတဲ့ သူမတို့နှစ်ဦးကတော့ မွေးနေ့ရက်လေး တူနေတာ တွေ့ရပါတယ်နော်..။

ဒီကနေ့ မေလ(၁၆)ရက်နေ့လေးကတော့ ပြည်သူ့အသည်းကျော်လေးတွေဖြစ်ကြတဲ့ ရွှေမှုံနဲ့ မတ်မတ်ပိုတို့ရဲ့ မွေးနေ့ရက်လေးဖြစ်ပြီး ရွှေမှုံလေးက အသက်(၂၁)နှစ်ပြည့်မွေးနေ့လေးဖြစ်ပြီး မတ်မတ်ပိုကတော့ အသက်(၂၉)နှစ်ပြည့် မွေးနေ့လေး ကျရောက်လာခဲ့တာပဲ ဖြစ်ပါတယ်..။


အချစ်တော်လေးနှစ်ယောက်ကတော့ မွေးနေ့ မနက်ပိုင်းကတည်း ကောင်းမှုကုသိုလ်လေးတွေနဲ့အတူ မွေးနေ့လေးကို အဓိပ္ပာယ်ရှိရှိနဲ့ စတင်ဖြတ်သန်းနေကြတာကိုလည်း ကြည်နူးစွာ မြင်တွေ့ရပါတယ်နော်..။

ဒီကနေ့မှာ မွေးနေ့ကျရောက်လာကြတဲ့ အသစည်းကျော်လေးတွေအတွက် Myanmaroad မှ ချစ်ပရိသတ်ကြီးများကလည်း Admin တို့နဲ့အတူ သဲနဲ့ မတ်မတ်ပိုတို့အတွက် မွေးနေ့ဆုတောင်းစကားလေးတွေနဲ့အတူ ဆုတောင်းပေးလိုက်ရအောင်နော်..။

Photo - Credit

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။