Myanmar Idol ပြိုင်ပွဲကနေပရိသတ်တွေအားပေးမှုတစ်ခဲနက်နဲ့အောင်မြင်နေတာကတော့အဆိုတော်မလေးဘီလီလမင်းအေးပဲဖြစ်ပါတယ်။ သူကတော့လက်ရှိအချိန်မှာပရိသတ်အားပေးမှုအများဆုံးရထားတာဖြစ်ပြီးအနုပညာအလုပ်တွေကိုလည်းတောက်လျှောက်လုပ်ကိုင်နေတာဖြစ်ပါတယ်။ ပရိသတ်တွေကိုသီချင်းလေးတွေshowတွေမှာအများဆုံးဖျော်ဖြေပေးနေရတာပါ။

သူ့ရဲ့သာယာနာဖွယ်အသံလေးကလည်းသူ့သီချင်းတိုင်းကိုပရိသတ်ရင်ထဲကိုရောက်စေတာဖြစ်ပါတယ်။ သူ့သီချင်းလေးတွေကလည်းလူငယ်ပရိသတ်တွေကြားမှာရေပန်းစားလူကြိုက်များနေတာဖြစ်ပါတယ်။ ပရိသတ်တွေအတွက်သီချင်းသစ်လေးတွေထွက်ရှိဖို့အတွက်ကိုလည်းကြိုးစားနေတာဖြစ်ပါတယ်။

သီချင်းအေးအေးလေးတွေနဲ့ပရိသတ်တွေရင်ထဲကိုထိုးဖောက်ဝင်ရောက်လာတဲ့သူမကတော့ခုမှာလည်း"Coffee သောက်တိုင်းမင်းကိုလွမ်းတယ်"ဆိုတဲ့အလွမ်းသီချင်းလေးနဲ့ပရိသတ်တွေရင်ထဲကိုလွမ်းအောင်လုပ်လိုက်ပါပြီ။ ခုချိန်မှာကော်ဖီသောက်နေတဲ့ပရိသတ်ကြီးအတွက်လည်းဒီသီချင်းလေးကိုနားထောင်ပြီးချစ်ရတဲ့သူတွေကိုလွမ်းဖို့တင်ဆက်ပေးလိုက်ရပါတယ်။

Source - Billy La Min Aye 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။