ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ပရိသတ်တွေအခိုင်အမာနဲ့ ဇာတ်ကားတွေအတော်များများမှာ ပါဝင်သရုပ်ဆောင်နေတဲ့ အနုပညာရှင်တွေထဲမှာ ဇာတ်ပို့သရုပ်ဆောင် နှိုင်းယှဉ်မြင့်မိုရ်ကလည်း အပါအဝင်ပါပဲ..။

သရုပ်ဆောင်ပီပြင်မှုတွေကြောင့် ဇာတ်ကားများစွာမှာ ပါဝင်သရုပ်ဆောင်ထားပြီး ပွင့်ပွင့်လင်းလင်းနဲ့ ပျော်ပျော်နေတတ်သူဖြစ်ပြီး ဇာတ်ပို့သရုပ်ောဆင် ကိုဘင်းနဲ့အတူ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကိုလည်း ပိုင်ဆိုင်ဖြတ်သန်းနေသူပဲ ဖြစ်ပါတယ်နော်..။


ပြီးခဲ့တဲ့ လပိုင်းက သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ “ထမင်းရှင်ဆိုတဲ့ ပရိတသေ်တွကို ထမင်းချိုင့်လာပို့ခိုင်းရင် ကောင်းမလား..” ဆိုတဲ့ စနောက်မှုလေးကြောင့် ပရိသတ်တွေကြား အတော်လေး ဂယက်ထသွားခဲ့ပြီး သူမနဲ့ ပရိသတ်တွေကြား နားလည်မှုလေး အနည်းငယ် လွဲမှားခဲ့ကြပါတယ်..။

နှိုင်းယှဉ်ကတော့ သူမရဲ့ စနောက်မှုလေးကို ပြန်လည်ဖြေရှင်းပြောပြထားပြီး အခုတစ်ခါမှာလည်း အင်တာဗျူးဗီဒီယိုလေးနဲ့အတူ ပရိသတ်တွေကို သေသေချာချာလေး ပြန်လည်အသိပေးပြောပြလာခဲ့ပါတယ်..။


သူမရဲ့ ထမင်းရှင်က ပရိုကျူဆာတွေအဖြစ် ခံယူထားသလို ပရိသတ်တွေကောတ့ သူမတို့လို အနုပညာရှင်တွေကို အားပေးတဲ့ ကျေးဇူးရှင်တွေအဖြစ် မှတ်ယူထားတာဖြစ်ပြီး ပရိသတ်တွေကို စော်ကားပြီး ပြောတာမဟုတ်တဲ့အကြောင်းလေးကို ပြောပြထားတာပဲ ဖြစ်ပါတယ်..။

ချစ်ရတဲ့ ပရိသတ်တွေအတွက်လည်း ဒီကနေ့လေးမှာတော့ နှိုင်းယှဉ်ရဲ့ ပရိသတ်တွေကို ပြန်လည်ပြောပြထားတဲ့ အင်တာဗျူးဗီဒီယိုဖိုင်လေးကိုလည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။


Photo - နှိုင်းယှဉ်မြင့်မိုရ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။