မင်းသမီးချောလေးတွေဖြစ်ကြတဲ့ သရုပ်ဆောင် ရွှေသမီးနဲ့ သရုပ်ဆောင် မေမြင့်မိုရ်တို့နှစ်ယောက်ကတော့ ပြီးခဲ့တဲ့ Star Awards ဆုပေးပွဲကြီးမှာ ဆုတွေအသီးသီး ရရှိခဲ့ကြတာ ဖြစ်ပါတယ်။ မင်းသမီးချောလေး ရွှေသမီးကတော့ သုံးရောင်ခြယ် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ "Best Actress In A Supporting 2018" ဆုကို ချီးမြှင့်ခြင်းခံခဲ့ရသလို မင်းသမီးလေး မေမြင့်မိုရ်ကလည်း " Rising Star Female Award " ဆုကို သိမ်းပိုက်ရရှိခဲ့ပါတယ်။

အနုပညာလမ်းကြောင်းမှာ အောင်မြင်မှုတွေ ကိုယ်စီနဲ့ လျှောက်လှမ်းနေကြတဲ့ သူမတို့နှစ်ယောက်က အခုလည်း မဂ္ဂဇင်းတစ်ခုရဲ့ မျက်နှာဖုံးစာမျက်နှာမှာ အတူဖော်ပြခြင်းခံခဲ့ရပါတယ်။ ဒါကတော့ မေမြင့်မိုရ်နဲ့ရွှေသမီးတို့နှစ်ယောက်က " 8days Cover " မှာ အရမ်းကို လှပခမ်းနားတဲ့ မြန်မာဝတ်စုံလေးတွေနဲ့ ပါဝင်ခဲ့ကြတာ ဖြစ်ပါတယ်။ တော်ဝင်မင်းသမီးလေးတွေလို့တောင် ထင်မှတ်ရတဲ့ သူမတို့နှစ်ယောက်ရဲ့အလှက အရမ်းကို နန်းဆန်နေခဲ့ပါတယ်။

သူမတို့နှစ်ယောက်က "Star Awards" ဆုတွေကို အသီးသီးကိုင်ဆောင်ပြီး ဒီဇိုင်နာ ကောင်းမြတ်ရဲ့လက်ရာ မြန်မာဝတ်စုံလေးတွေနဲ့ ကြီးကျယ်ခမ်းနားစွာ လှပနေခဲ့တာပဲ ဖြစ်ပါတယ်။ မြန်မာဝတ်စုံလေးတွေကို တန်ဖိုးထားဝတ်ဆင်ခဲ့တဲ့ မေနဲ့ရွှေသမီးတို့နှစ်ယောက်ရဲ့အလှက မြင်သူတိုင်းကို ရင်သပ်ရှုမောသွားစေနိုင်တာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ရွှေသမီးနဲ့ မေမြင့်မိုရ်တို့ရဲ့ မြန်မာဆန်ဆန် အလှပုံရိပ်တွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:May Myint Mo;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။