အနုပညာလောကမှာ သရုပ်ဆောင်ပီပြင်လှတဲ့ အနုပညာရှင်ထဲမှာ ဖူးစုံတစ်ယောက်ကလည်း ပရိသတ်တွေရဲ့အားပေးမှုရရှိထားသူဖြစ်ပါတယ်။အပျိုကြီး မမဖူးစုံတစ်ယောက် အပြင်လက်တွေ့ဘဝမှာတော့ အခုချိန်ထိအိမ်ထောင်မပြုသေးပဲ သူမချစ်ရတဲ့ တူမလေးနဲ့ပဲ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေတာဖြစ်ပါတယ်။ 

ပရိသတ်တွေရဲ့ အချစ်တော် ဖူးစုံရဲ့ တူမလေးဖြစ်တဲ့ မယ်ခရာလေးကတော့ အ၀၀ကစ်ကစ်နဲ့ ကလေးပီပီချစ်စရာကောင်းတဲ့အမူအရာပုံစံလေးတွေကြောင့် ပရိသတ်တွေကြားမှာ ရေပန်းစားတဲ့ ကလေးလေးဖြစ်ပါတယ်။ယနေ့မှာတော့ မယ်ခရာလေးဟာ တီတီဖူးစုံနဲ့အတူ ပုဂံကို ဘုရားဖူးရောက်ရှိနေခဲ့တာပဲ ဖြစ်ပါတယ်။ 

" လိုက်မယ် မလိုက်ဘူးနဲ့ နောက်ဆုံးတော့ မတ်အခရာကြီး ပါလာတာပါပဲ တော်သေးတယ် အရမ်းပူမလားစိတ်ပူနေတာတစ်လမ်းလုံး မိုးလေးအုံ့ပြီး ခု ပုဂံမှာလည်း မိုးလေးအုံ့ပြီး သိပ်မပူတော့ ဘုရားအေးဆေးဖူးရတာပေါ့ နက်ဖြန် ခရီးဆက်မယ် ဘုရားထီးတင်မယ့်မြို့ကလေးသို့ ပုံလေးတွေကတော့ လမ်းမှာ ပုဂံလာတိုင်းအမြဲ ဝင်ဖြစ်တဲ့ ဆိုင် ... ဝိုင်း တဲ့ " ဆိုပြီး ရေးသားထားခဲ့ပါတယ်။

SOURCE: MA PWINT

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။