အဆိုတော်သရုပ်ဆောင် ဆန်းသစ်လဟာဆိုရင် အမေ့ခြေရာနင်းနိုင်တဲ့ အနုပညာမျိုးဆက်သစ် မိန်းမသားတစ်ဦးပင်ဖြစ်ပါတယ်...။ "Gem Nation"ဆိုတဲ့ လက်ဝတ်ရတနာဆိုင်ကြီးကိုလည်း ခင်ပွန်းဖြစ်သူ ကိုဝင်းမြတ်နဲ့အတူ ဦးဆောင်လုပ်ကိုင်နေတာဖြစ်ပါတယ်..။ သူမဟာဆိုရင် နိုင်ငံကျော်ဝါရင့် ဂီတအနုပညာရှင် မေရွက်ဝါရဲ့ သမီးဖြစ်ပြီး သာယာအေးချမ်းတဲ့ မိသားစုဘဝလေးကိုပိုင်ဆိုင်ထားတာပါနော်...။ ဆန်းသစ်လဟာဆိုရင် ဗီဒီယို၊ ဇာတ်ကားတွေနဲ့ ကြော်ငြာများစွာကို ရိုက်ကူးအောင်မြင်ခဲ့တာပဲဖြစ်ပါတယ်...။

အနုပညာအလုပ်ကို ခေတ္တရပ်နားထားပြီး တစ်ဦးတည်းသောချစ်ရသူ ကိုဝင်းမြတ်နဲ့သာ ဘဝခရီးလမ်းကို လျှောက်လှမ်းနေတာဖြစ်ပေမယ့် ပရိသတ်တွေရဲ့ အားပေးမှုတွေဟာဆိုရင်တော့ လျော့ကျသွားမှုမရှိပေ....။ သူတို့နှစ်ယောက်ဟာ လိုက်ဖက်ညီလှပြီး မြင်သူတိုင်းအားကျရလောက်တဲ့ ချစ်သူစုံတွဲလေးပဲဖြစ်ပါတယ်...။ မျက်စိအောက်က ပျောက်ကွယ်မခံနိုင်လောက်အောင် ချစ်မြတ်နိုးတန်ဖိုးထားတဲ့ ကိုဝင်းမြတ်ဟာဆိုရင်လည်း ဇနီးဖြစ်သူ ဆန်းသစ်လကို အပန်းဖြေခရီးတွေလည်း လိုက်ပို့လေ့ရှိတာဖြစ်ပါတယ်...။ အခုမှာဆိုရင်တော့ ဆန်းသစ်လဟာ စီးပွားရေးလုပ်ငန်းကို ကြိုးစား လုပ်ကိုင်နေတာဖြစ်ပါတယ်..။

ဆန်းသစ်လဟာ ပရိသတ်ကြီးနဲ့ အဆက်အသွယ်မပြတ်ရအောင် လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ facebook ပေါ်တွင်သူမရဲ့ နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကို အစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်..။ အခုတစ်ခါမှာဆိုရင်လည်း "ရွှေလ ဆိုင်မှာအားရင်ဘာလုပ်လဲ??" "me selfies" ဆိုတဲ့ status လေးနဲ့တကွ အလှပုံရိပ်လေးတွေကို ရိုက်ကူးခဲ့ပြီး သူမရဲ့ official facebook acc တွင် ထုတ်ဖော်ပြသထားတာကို myanmarload ပရိသတ်ကြီးလည်းကြည့်ရှုခံစား ရအောင်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်...။

Source San Thit La 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။