ကမ္ဘာကျော်မင်းသမီးတစ်ယောက်ဖြစ်တဲ့ Halle Berry ဟာဆိုရင် နာမည်ကြီး ရုပ်ရှင်ကားတစ်ကားဖြစ်တဲ့ John Wick ကားအတွက် သူမဟာ လူစားမထိုးပဲ ကိုယ်တိုင်သေနတ်ပစ်ခန်းတွေကို လေ့ကျင့်ခဲ့ပါတယ်။ သူမရဲ့ သေနတ်ပစ် Skill တွေကို ထုတ်ပြသွားတာဆိုရင်လဲ မမှားပါဘူး။ ရုပ်ရှင်ကားတွေမှာ Action ခန်းတွေမှာ မင်းသမီးက သေနတ်မပစ်နိုင်တာတို့ ဘာတို့ကြောင့်ဆိုရင် လူစားထိုးရိုက်တာ ပရိသတ်ကြီး သိမှာပါ။ 

ဒါပေမဲ့ ခုက Hollywood လေ....မင်းသမီးဖြစ်သူ Berry ကလဲ သူမကိုယ်တိုင်အစားမထိုးပဲ သေနတ်ပစ်ခန်းတွေအတွက် ကိုယ်တိုင်ပစ်ကွင်းမှာ သေနတ်ပစ်လေ့ကျင်ခဲ့ပါတယ်။ သူမဟာလဲ တနင်္လာနေ့က အဲ့ Video ကို သက်ဆိုင်ရာ ရုပ်ရှင် Page မှာတင်ခဲ့ပါတယ်။ Video ထဲမှာဆိုရင် သူမရဲ့ ပစ်ခတ်မှု စကေးကို အသေအချာတွေ့ရမှာဖြစ်ပြီး မင်းသား Keanu Reeves လဲ သူမရဲ့ ပစ်ခတ်မှုကို စိတ်ဝင်စား အထင်ကြီးခဲ့ပါတယ်။ ကြည့်တဲ့သူတောင် သူမ ပစ်တာကိုကြည့်ပြီ အားရတာ...ပရော်ဖက်ရှင်နယ်တွေဆို ပိုလိုတောင် ချီးကျူးကြမှာ။ 

Bay ရဲ့ အသက်က ၅၂နှစ်ရှိပြီဖြစ်သော်လဲ သူမရဲ့ လှုပ်ရှားမှုတွေက အရင်လို သွက်လက်နေတုန်းပါပဲ။ Bay တစ်ယောက်ထဲ သူမရဲ့ သေနတ်ပစ် Video ကိုတင်ခဲ့တာမဟုတ်ပဲ John Wick သရုပ်ဆောင် မင်းသား Keanu Reeves လဲ သူရဲ့ သေနတ်ပစ်စကေးကို တင်ခဲ့ပါတယ်။ သူတို့တွေလဲ ရုပ်ရှင်ကားတစ်ကားအတွက် အသေအချာကို ကြိုးစားကြပြီး အစားထိုးသင့်တာကိုလောက်ပဲ အစားထိုးပြီး တက်နိုင်သမျှ သူတို့ကိုယ်တိုင် ကြိုးစားခဲ့ကြကာ ကားကောင်းတစ်ကားဖြစ်လာပါတယ်။ ပရိသတ်ကြီးအတွက် ၂ယောက်လုံးရဲ့ သေနတ်ပစ် Video ကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။ 

Source : Daily Mail Celebrity 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။