ကျော်ထက်အောင်ပါဝင်တဲ့စရိုက်ဇာတ်ကားကို ကြည့်ချင်နေကြပြီလားပရိသတ်ကြီး။ ရုပ်ရှင်သရုပ်ဆောင်ဘက်ကို ဦးတည်လာတဲ့ အသံချိုချိုနဲ့စကားပြောတတ်တဲ့ Presenter တစ်ယောက်အနေနဲ့သိထားတဲ့ ကျော်ထက်အောင်ကတော့ စရိုက်မှာ ဘယ်လိုသရုပ်ဆောင်ထားရလဲဆိုတာ ယခုလိုပဲပြောကြားထားပါတယ်။

" ဒီကားမှာက အခြေခံလူတန်းစားပုံစံ။ ကျွန်တော်က စပယ်ယာ လုပ်ရပါတယ်။ ပြင်ဆင်မှုပိုင်းကတော့ အခြေခံလူတန်းစားတွေရဲ့ နေထိုင်မှုပုံစံတွေကို လေ့လာရတယ်။ နောက်ပြီး စပယ်ယာဆိုရင်လည်း ကားဂိတ်မှာ ကားထိုးပြီး ထိုင်ကြည့်တာမျိုးတွေ လုပ်ရတယ်။ စပယ်ယာတွေ ဘယ်လို အော်တယ်၊ ဘယ်လိုဝတ်တယ်၊ ဘယ်လိုစားတယ်။ ငွေကြေး မတတ်နိုင်တဲ့သူတွေရဲ့ လူနေမှုပုံစံတွေကို ဒီကားမှာ ရိုက်ပြထားတဲ့အတွက် အဲဒါတွေလည်းလေ့လာဖြစ်တယ်။ အဝတ်အစားကအစပေါ့။ အဝတ်အစားဆိုရင်အရမ်းသစ်လွင်တောက်ပနေလို့ မရတဲ့ အဝတ်အစားအဟောင်း။ပုဆိုးဆိုလည်း အဟောင်းတွေကိုသုံးရပါတယ်။ "

" စပယ်ယာဆိုပေမယ့် တစ်ကားလုံးမှာ စပယ်ယာလို့သိသွားတဲ့ တစ်ခန်းလောက်ပါပဲ။ တစ်ကားလုံးစပယ်ယာပုံစံတော့ မပါပါဘူး။ ကျန်တဲ့အခန်းတွေကတော့ ရပ်ကွက်ထဲမှာ မိန်းမနဲ့ရန်ဖြစ်တာတို့ ကျွန်တော်က လူရှုပ်လူပွေကာရိုက်တာ။ စပယ်ယာဆိုတော့လက်ဖျား ငွေသီးတယ်ပေါ့။ ကောင်မလေး တွေက ကပ်တယ်။ ရပ်ကွက်ထဲမှာ အဲဒီလိုပုံစံဆိုတော့ စပယ်ယာခန်းကတော့နည်းပါတယ်။ စပယ်ယာခန်းလုပ်ဖို့က အခက်အခဲတော့ ရှိမယ်ထင်တယ်။ အော်ရပြုရတာက။ ကိုယ်လည်းဘတ်စ်ကားစီးဖူးပါတယ်။ လိုက်စီးရတဲ့အချိန်မှာက သတိမထားမိဘူးလေ။ လုပ်တော့လုပ်ကြည့်ရမှာပေါ့။"

" ကျွန်တော့်ရဲ့ နောက်ထပ်အနုပညာခြေလှမ်းတစ်ခုကို ပရိ သတ်တွေအားလုံးကအကဲဖြတ် ဝေဖန်ပိုင်းခြားရတော့မယ်လေ။ အဲဒီအခါကျတော့ ကျွန်တော်ပိုပြီး ရင်ခုန်တာက ကျွန်တော့်ကို သရုပ်ဆောင်တစ်ယောက်အနေနဲ့ လက်ခံ၊ မခံ၊ Market တစ်ခုရှိလား၊ မရှိလားအတွက်ကိုတော့ ရင်ခုန်ပါတယ်။ အဲဒီအတွက်လည်း ကြိုပြီးပြင်ဆင်ထားမှုတွေရှိပါတယ်။ "လို့ ကျော်ထက်အောင်ကနေ ထပ်မံပြောကြားခဲ့ပါတယ်။

Source : 7days interview

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။