သရုပ်ဆောင်မင်းသမီး အိချောပိုကို ပရိသတ်အများကချစ်စနိုးနဲ့ စူစူလို့ခေါ်ကြတာဖြစ်ပြီး ချစ်ခင်အားပေးဝန်းရံလျက်ရှိတာဖြစ်ပါတယ်...။ အမိုက်စား ခန္ဓာကိုယ်ကောက်ကြောင်းအလှကိုပိုင်ဆိုင်ပြီး အနုပညာအလုပ်တွေကို အောင်မြင်စွာလုပ်ကိုင်ခဲ့တာဖြစ်ပါတယ်...။ ဆွဲဆောင်မှုရှိလွန်းတဲ့ သူမရဲ့ အလှတွေကြောင့် social media လောကမှာ အမျိုးသားပရိသတ်အများဆုံးရယူပိုင်ဆိုင်ထားတာဖြစ်ပါတယ်...။

အိချောပိုရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုတွေဟာဆိုရင်တော့ photo shooting တွေရိုက်ကူးလေ့ရှိပြီး၊ ကြော်ငြာမဂ္ဂဇင်းတွေမှာလည်း သူမရဲ့ အလှပုံရိပ်တွေကို အမြဲလိုလိုမြင်တွေ့ကြရမှာပါ..။ ခရီးသွားဝါသနာပါသူဖြစ်ပြီး ရေကူးကန်ထက်က အမိုက်စားပုံရိပ်တွေဟာဆိုရင်လည်း ပုရိသအပေါင်းကို စွဲမက်စေတာပဲဖြစ်ပါတယ်...။ အခုတစ်ခါမှာဆိုရင်တော့ ငွေဆောင်ကမ်းခြေမှာ ဒါရိုက်တာ ကျော်သူရိုက်ကူး ပုံဖော်တဲ့ " ဒဏ္ဍာရီပင်လယ်" ဇာတ်ကားကြီးကို ကြိုးစားပမ်းစားရိုက်ကူးနေတာဖြစ်ပါတယ်...။

အိချောပိုဟာ ပရိသတ်ကြီးနဲ့ အဆက်အသွယ်မပြတ်ရအောင် လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ facebook ပေါ်တွင်သူမရဲ့ နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကို အစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်..။ အခုတစ်ခါမှာဆိုရင်လည်း လိမ္မော်ရောင်ဝတ်စုံလေးနဲ့ ပုရိသတွေစွဲမက်ဖွယ် အလှပုံရိပ်လေးတွေကို "ဟိတ်...!!!...တို့ကချစ်တယ်လို့ပြောရင်...မျက်စိမှိတ်ယုံပေးရမှာ မင်းတာဝန်လေ..." ဆိုတဲ့ status လေးနဲ့တကွ ထုတ်ဖော်ပြသထားတာကို Myanmarload ပရိသတ်ကြီးလည်းသိရှိခံစားရအောင်ပြန်လည်မျှ ဝေပေးလိုက်ပါတယ်နော်...။

Source Ei Chaw Po

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။