ပရိသတ်ကြီးရေ.. ခီမောင်နှံလို့ ဆိုလိုက်တာနဲ့ ပီပြင်ပြီး သဘာဝကျတဲ့ သရုပ်ောင်ပိုင်နိုင်မှုတွေနဲ့ ယောကျၤားပီပြင်ပြီး ဆွဲဆောင်မှုရှိလွန်းတဲ့ သရုပ်ဆောင်ဇာဏ်ခီနဲ့ သဘာဝကျကျ ပီပြင်လွန်းတဲ့ အမိုက်စားရုပ်ရှင်ဇာတ်ကားတွေကို ရိုက်ကူးပုံဖော်တတ်တဲ့ ဒါရိုက်တာတစ်ဦးဖြစ်တဲ့ ခရစ္စတီးနားခီတို့ ဇနီးမောင်နှံကို ပြေးမြင်မှာပါနော်..။

အောင်မြင်ကျော်ကြားမှုတွေနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားကြတဲ့ သူတို့ဇနီးမောင်နှံကတော့ ချစ်စရာကောင်းလွန်းသားချောလေးနဲ့အတူ သာယာပျော်ရွှင်ပြီးကြည်နူးစရာကောင်းတဲ့ အိမ်ထောင်ရေးလေးကိုလည်း ပိုင်ဆိုင်ဖြတ်သန်းနေကြသူတွေလည်း ဖြစ်ပါတယ်..။

ပြီးခဲ့တဲ့ မတ်လက ကျင်းပပြုလုပ်ခဲ့တဲ့ (၂၀၁၈)ခုနှစ် အကယ်ဒမီထူးခွန်ဆုပေးပွဲမှာ အကယ်ဒမီဆုတွေနဲ့ လွဲခဲ့ပေမယ့် ပရိသတ်တွေရင်ထဲက လှိုက်လှိုက်လှဲလှဲ ပေးအပ်ထားတဲ့ ပြည်သူအကယ်ဒမီဆုတွေကိုတော့ ရရှိခဲ့ကြပါတယ်..။

ပရိသတ်တွေရဲ့ အချစ်တွေနဲ့ အားပေးဝန်းရံမှုတွေကို ကိုယ်စားပြုတဲ့ ပြည်သူ့အကယ်ဒမီ ဂုဏ်ပြုဆုပေးပွဲကိုတော့ ပြီးခဲ့တဲ့ မေ(၁၂)ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပြီး ခီမောင်နှံနဲ့အတူ မီမောင်နှံလို့ ချစ်စနိုးခေါ်ကြတဲ့ ဒါရိုက်တာဏကြီးနဲ့ မင်းသမီးချောပိုင်ဖြိုးသုတို့ကလည်း ဆွတ်ခူး ရရှိခဲ့ကြတာ ဖြစ်ပါတယ်..။

ပရိသတ်တွေရဲ့ အချစ်တော် ခရစ္စတီးနားခီကလည်း ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ ပျော်ရွှင်ခဲ့ရတဲ့ ပြည်သူ့အကယ်ဒမီဂုဏ်ပြုဆုပေးပွဲရဲ့ အမှတ်တရလေးတွေကိုလည်း ကြည်နူးမဆုံးြဏ်နေပါတယ်နော်..။

ပျော်ရွှင်ကြည်နူးမှုလေးတွေနဲ့ အမှတ်တရပုံရိပ်လေးတွေကို ပြန်လည်မျှဝေထားပြီး "ပျော်ရွှင်ရသောနေ့လေးတနေ့!!

အားလုံးတစ်ဦးတစ်ယောက်မကျန်အား ကျေးဇူးအထူးတင်ပါတယ်။

Love you all!!.." ဆိုပြီး ခရစ္စတီးနားခီက အမှတ်တရဓာတ်ပုံလေးတွေနဲ့အတူ ရေးသားပြောပြထားတာပဲ ဖြစ်ပါတယ်နော်..။

Photo - ခရစ္စတီးနားခီ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။