အဆိုတော် ၊ သရုပ်ဆောင် ရွှေထူးနဲ့ သရုပ်ဆောင် မင်းသမီးချောလေး ရွှေမှုန်ရတီတို့ဇနီးမောင်နှံကတော့ နေနဲ့လ ရွှေနဲ့မြပမာ လိုက်ဖက်ညီလွန်းတဲ့ စုံတွဲလေး ဖြစ်ပါတယ်။ တစ်ယောက်ကိုတစ်ယောက် မျက်စိအောက်က အပျောက်မခံအောင် ချစ်ကြတဲ့ သူတို့ဇနီးမောင်နှံက သူများနဲ့မတူအောင် Romantic ဆန်ဆန် ချစ်တတ်ကြတာလည်း ဖြစ်ပါတယ်။ အခုလည်း ရွှေထူးက ချစ်ရတဲ့ ဇနီးလေးရွှေမှုန်ရတီအတွက် မွေးနေ့မှာ Suprise တစ်ခု ပြုလုပ်ပေးခဲ့ပါတယ်။

ရွှေထူးက သူအရမ်းချစ်ရတဲ့ ဇနီးလေးရဲ့မွေးနေ့မှာ ပန်းစည်းတွေ ၊ ကိတ်မုန့်အကြီးကြီးတွေနဲ့ ညစာစားပွဲလေးကို အခမ်းနားဆုံး စီစဉ်ပေးခဲ့တာ ဖြစ်ပါတယ်။ အသက် (၂၁) ပြည့်သွားတဲ့ Birthday Girl လေးရွှေမှုန်အတွက် ရွှေထူးပြင်ဆင်ပေးခဲ့တဲ့ မွေးနေ့ကိတ်ကြီးကလည်း အရမ်းကို ကြီးမားလှတာ ဖြစ်ပါတယ်။ ဒီနေ့မနက်မှာတော့ ရွှေထူးက မွေးနေ့ကိတ်မုန့်ကြီးကို ပြန်လှူဒါန်းဖို့အတွက် သေသေချာချာ ပြင်ဆင်နေတာ တွေ့ရပါတယ်။

ရွှေထူးက " ကဲ ကိတ်မုန့်ကြီးကတော့ အကြီးကြီးပါ ချစ်ဇနီးလေးအတွက်တော့ တစ်လုပ်စာပါပဲ ဒါပေမယ့် ညကျရင် သွားလှူဖို့အတွက် အခုတော့ ပြင်ဆင်နေပါပြီ" ဆိုပြီး ဗီဒီယိုဖိုင်လေးကို တင်ထားတာ ဖြစ်ပါတယ်။ ဖော့ဘူးလေးတွေနဲ့ ကိတ်မုန့်တွေထည့်ပြီး သပ်သပ်ရပ်ရပ် ပြင်ဆင်ပေးနေတဲ့ ရွှေထူးတို့ကတော့ ညဘက်ကျရင် သွားလှူဖို့ အခုကတည်းက စီစဉ်နေကြတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ကိတ်မုန့်ကြီးကို ပြန်လှူဖို့ ပြင်ဆင်နေတဲ့ ရွှေထူးရဲ့ဗီဒီယိုဖိုင်လေးကို အောက်မှာ တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Htoo Khant;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။