ပရိသတ်ကြီးရေ တစ်ခေတ်တစ်ခါတည်းက လူကြိုက်များခဲ့တဲ့ အိန္ဒြာကျော်ဇင်(ခေါ်)အူဝဲဟာဆိုရင် ယခုချိန်ထိလည်း အောင်မြင်မှုတွေကို ဆက်လက်ထိန်းသိမ်းထားနိုင်ဆဲဖြစ်ပါတယ်။အူဝဲရဲ့ ချစ်စရာအမူအရာလေးတွေနဲ့ အပြုံးချိုချိုလေးတွေအောက်မှာ ပရိသတ်ကြီးက ကြွေကျသွားရတာပါနော်။အူဝဲရဲ့ အနုပညာသက်တမ်းကလည်း နှစ်ပေါင်းမနည်းတော့တာမို့ လက်ရှိမှာ အိုင်တင်အရမ်းကောင်းတဲ့မင်းသမီးလို့ ပရိသတ်တွေကအသိအမှတ်ပြုထားကြပါတယ်။

အူဝဲရဲ့ချစ်ခင်ပွန်း အကယ်ဒမီပြေတီဦးကလည်း အရမ်းတော်တဲ့အနုပညာရှင်တစ်ယောက်ဖြစ်တာကြောင့် ဇနီးမောင်နှံနှစ်ယောက်က ရှေ့သွားနောက်လိုက်ညီတာဖြစ်ပါတယ်။အူဝဲနဲ့ပြေတီဦးက နှစ်ကိုယ်တူ နားလည်မှုတွေ ချစ်ခြင်းမေတ္တာတွေနဲ့တည်ဆောက်ထားကြလို့ သာယာအေချမ်းတဲ့မိသားစုလေးပါနော်။ဇနီးမောင်နှံနှစ်ယောက်လုံးက အနုပညာလောကမှာ လျှမ်းလျှမ်းတောက်အောင်မြင်နေကြတာဖြစ်ပြီး ပရိသတ်အကြိုက်နဲ့ထပ်တူညီတဲ့ အနုပညာရှင်တွေဖြစ်ပါတယ်။

အူဝဲဆိုလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ အများအပြားရိုက်ကူးနေပြီး အိန္ဒြာကျော်ဇင် ပါဝင်သရုပ်ဆောင်ထားတဲ့ဇာတ်ကားတိုင်းကို ပရိသတ်တွေကြိုက်နှစ်သက်ကြပါတယ်။အခုဆိုလည်း ဒေါင်းနီဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးက ပရိသတ်တွေကြားအရမ်းရေပန်းစားနေပါတယ်။ပညာပေးတဲ့ဇာတ်ကားဖြစ်ပြီး အူဝဲရဲ့အိုင်တင်တွေက ပီပြင်ပိုင်နိုင်လို့ ပရိသတ်တွေတောင် မှင်သက်သွားရပါတယ်။အခုဆိုလည်း အူဝဲက ဟစ်တိုင်ဇာတ်ကားရဲ့ အမှတ်တရလက်မှတ်ရေးထိုးပွဲမှာ ဒေါင်းနီရင်ထိုးလေးကိုထိုးပြီး တက်ရောက်ခဲ့တဲ့ပုံရိပ်လေးတွေကို မျှဝေလိုက်ပါတယ်နော်။

Source:Pathy Pathy Eaindra Kyaw Zin's Crazy

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။