ချစ်သုဝေ သင်္ကြန်မှာ မြတ်မြတ်နို်းနို်းနဲ ့ချစ်ရတဲ့ အရာတွေက ဘာတွေပါလဲ

မြန်မာ့နှစ်သစ်ကူး သင်္ကြန်ပွဲတော်ကတော့ ရောက်ရှိလာပါတော့မှာဖြစ်သလို သင်္ကြန်ရဲ ့အငွေ ့အသက်တွေကိုလည်း တွေ ့မြင်ခံစားရတော့မှာပါ။

ပရိသတ်တွေမှာလည်း သင်္ကြန်ရောက်ရင် အမှတ်တရ ခံစားချက်လေးတွေ ကိုယ်စီရှိနို်င်ကြပါတယ်။

အဆိုတော် သရုပ်ဆောင်ချစ်သုဝေကတော့ သူမ သင်္ကြန်မှာ နှစ်သက်မြတ်နို်းတတ်တဲ့ အရာတွေကို အခုလိုပဲပြောပြသွားပါတယ်။

“အစ်မ ဒီနှစ်သင်္ကြန် မန္တလေး မြို့တော်ဝန် မဏ္ဍပ်မှာ သီချင်းဆိုပါမယ်။ သင်္ကြန်ရောက်တိုင်းတော့ ငယ်ငယ်ကတည်းက အိမ်မှာနေပြီးတော့ လာဝေသမျှမုန့်တွေထိုင်မျှော်တာပဲ။

ကိုယ်တိုင်ရေပက်ခံ ထွက်တာတို့ ကိုယ်တိုင်ရေပက်ရတာတို့ သိပ်ဝါသနာမပါဘူး။ သင်္ကြန်မှာကြိုက်တာဆိုလို့ မုန့်လုံးရေပေါ်ကြိုက်တယ်။

ပြီးရင် သင်္ကြန်ရေတွေ မြေကြီးကို ထိလိုက်တဲ့အချိန် ထွက်လာတဲ့မြေသင်းနံ့ကို အရမ်းသဘောကျတယ်၊ တစ်နှစ်မှ တစ်ခါပွင့်တဲ့ ပိတောက်ပန်းကိုသဘောကျ

တယ်။ အဲတော့ သင်္ကြန်ကို မြတ်မြတ်နိုးနိုးလေးနဲ့ချစ်တာ ပိတောက်ပန်းရယ်၊ မြေသင်းနံ့လေးရယ်၊ သင်္ကြန်မုန့်တွေရယ်ပေါ့။ ကိုယ်အဆိုတော် စလုပ်တော့

သီချင်းတွေဆိုရင်းနဲ့ပဲ ပရိတ်သတ်တွေနဲ့အတူ ပျော်ရွှင်စွာဖြတ်သန်းခဲ့ရတာပေါ့။

နှစ်တိုင်းပဲ ဒီနှစ်အထိပဲ။ သီချင်းတွေဆိုတဲ့အခါ ကိုယ်တိုင်သာရေပက်တာဝါသနာမပါတာ။

ရေပက်တဲ့သူတွေ ကခုန်နေတာတွေ့ရင်လည်းပျော်တယ်။ ရေပက်ခံထွက်တဲ့ကားတွေတွေ့ရင်လည်းပျော်တယ်။ သူတို့တွေပျော်အောင် ကိုယ်ကဖျော်ဖြေပေးရတဲ့သူဖြစ်တော့လည်း ပျော်တယ်” လို့ ချစ်သုဝေက ဆိုပါတယ်။

ပရိသတ်ကြီးကော ချစ်သုဝေနဲ ့အကြိုက်တူကြလားဆိုတာ ပြောသွားပါဦးနော်…

Source: Myanmar Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။