ပြီးခဲ့တဲ့ မေလ ၁၅ ရက်နေ့မှာတော့ ဘရာဇီးနိုင်ငံအတွင်းမှာ ဆန္ဒပြမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

၎င်းဆန္ဒပြမှုတွေကတော့ သမ္မတ ဘော်ဆိုနာရိုရဲ့ ပညာရေးအသုံးစရိတ် လျော့ချဖြတ်တောက်မှုကို ဆန့်ကျင်ဆန္ဒပြနေကြတာပဲဖြစ်ပါတယ်။

သမ္မတ ဘော်ဆိုနာရိုကတော့ သူ့ရဲ့ဖြတ်တောက်မှုကို မကျေနပ်လို့ ဆန္ဒပြခဲ့ကြတဲ့ သောင်းချီသောပြည်သူတွေကို အသုံးမဝင်တဲ့ ငတုံးတွေ ၊ ဉာဏ်မရှိသူတွေလို့ ပြောဆိုခဲ့ကြောင်း သိရပါတယ်။

ဒါ့အပြင် ယခုဆန္ဒပြပွဲဟာ သမ္မတ ဘောဆိုနာရိုကို ဆန့်ကျင်တဲ့ ပထမဆုံး ဆန္ဒပြပွဲဖြစ်တယ်လို့ လည်း သိရပါတယ်။

လက်ရှိအချိန်မှာဆိုရင်လည်း အားနည်းတဲ့ စီးပွားရေး၊ ထိုးတက်နေတဲ့ အလုပ်လက်မဲ့ပြဿနာ၊ အောက်လွှတ်တော်အတွင်း သြဇာမညောင်းတဲ့ ညွန့်ပေါင်းမဟာမိတ်တွေနဲ့ အစိုးရအဖွဲ့တွင်း ခွက်စောင်းခုတ်နေတဲ့ အခြေအနေတွေကြားမှာ သမ္မတ ဘော်ဆိုနာရိုက ရုန်းကန်နေရပါတယ် လို့ သိရပါတယ်။

SOURCE - DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။