ပရိသတ်ကြီးရေ.. ဟာသ သရုပ်ဆောင် ဖြူဖြူထွေးကတော့ အောင်မြင်တဲ့ အနုပညာရှင်တစ်ဦးအဖြစ် ကြိုးစားရပ်တည်နေသလို သူမရဲ့ အနုပညာကြေးငွေလေးတွေနဲ့ လှူဒါန်း ကုသိုလ်ယူမှုလေးတွေကိုလည်း မကြာခဏ ပြုလုပ်လေ့ရှိသူလေးပဲ ဖြစ်ပါတယ်..။

ရယ်စရာ ဟာသဇာတ်ရုပ်တွေနဲ့ ပရိသတ်တွေကို အမြဲရယ်မောပျော်ရွှင်စေတဲ့ ဖြူဖြူထွေးဟာ ဖြူစင်တဲ့ စိတ်သဘောထားလေးနဲ့ ပွင့်လင်းပြီး သဒ္ဒါတရားထက်သန်လွန်းတဲ့ စိတ်ထားလေးတွေကလည်း သူမရဲ့ ချစ်စဖွယ်ပုံရိပ်လေးတွေပါပဲ..။


အလှူအတန်းကို အမြဲလက်လှမ်းမှီသလောက် တတ်နိုင်တာလေးတွေနဲ့ ပြုလုပ်လေ့ရှိတဲ့ ဖြူဖြူထွေးကတော့ အခုတစ်ခါမှာလည်း ရွာမှာ အလှူအတန်းလေးတွေ ပြုလုပ်ကုသိုလ်ယူနေတာလည်း တွေ့ရပါတယ်နော်..။

ရွာမှာ ပကာသနကင်းတဲ့ အလှူလေးတွေနဲ့အတူ သူမရဲ့ နေအိမ်မှာလည်း လူကြီး လူငယ် မရွေး အအေးနဲ့ အခြားအစားအသောက်တွေကို ကြည်နူးပျော်ရွှင်စွာ ပြုလုပ်ကုသိုလ်ယူနေတဲ့ ဗီဒီယိုဖိုင်လေးကိုလည်း ပရိသတ်တွေ မြင်တွေ့ရမှာပါနော်..။


ဖြူစင်ပြီး ပကာသနကင်းတဲ့ ကြည်နူးစရာ အလှူလေးကြောင့် ပရိသတ်တွေတိုင်းလည်း ကြည်နူးမှုလေးတွေနဲ့အတူ အပျော်လေးတွေ ကူးစက်စေမှာ အမှန်ပါပဲနော်..။

ကဲနော်.. ဒီကနေ့လေးမှာတော့ ချစ်စရာကောင်းပြီး ပွင့်လင်းတဲ့ ဟာသမယ်လေး ဖြူဖြူထွေးရဲ့ ကြည်နူးစရာ အလှူဗီဒီယိုဖိုင်လေးကိုလည်း ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo - ဖြူဖြူထွေး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။