မင်းသမီးချောလေး ပိုးကြာဖြူခင်ကတော့ ရုပ်သံဇာတ်လမ်းတွဲလေးတွေနဲ့ လူသိများအောင်မြင်လာခဲ့သူလေး ဖြစ်ပါတယ်။ MRTV4 မှာ ထုတ်လွှင်ပြခဲ့ပြီး ပရိသတ်တွေအားပေးမှုများစွာရရှိခဲ့တဲ့ ဇာတ်လမ်းတွဲလေးတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲက အားပေးမှုကို ရရှိနေကာ ပရိသတ်တွေရဲ့အချစ်ကို အရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။  

ပိုးကြာဖြူခင်ကတော့ မွေးချင်း ၄ယောက်ရှိပြီး မောင်အငယ်ဆုံးလေးက သူမရဲ့ မျက်နှာပေါက်ချွတ်စွတ်ဆင်တူနေတာပဲဖြစ်ပါတယ်။ သူမရဲ့ မောင်လေးကိုတော့ သူမနဲ့အတူ ဓာတ်ပုံလေးတွေတွဲတင်လာရင်းကနေ စတင်သတိထားမိလာတာဖြစ်ပါတယ်။ သူနဲ့ မျက်နှာချွတ်စွတ်တူတဲ့ မောင်လေးရဲ့ အကြောင်းကို ပြောပြလာခဲ့ပါတယ်။ 

ပိုးကြာဖြူခင်ကတော့ " " ကောင်မလေးတွေ စိတ်ဝင်စားနေတာ မောင်လေး အုပ်မှူးမြတ် ... သူ့ရဲ့ အားသာချက်က ချောတယ် .. မျက်နှာမှာ ဘာမှ surgery လုပ်စရာ မလိုဘူး ... အရမ်း photogenic ဖြစ်တယ် မောင်လေး အသက်က အခုမှ ၁၆ နှစ် .... ကောင်မလေးတွေ အရမ်း အားပေးတယ် ... မောင်လေးက အရမ်း အေးတယ် ... သူက သီချင်း ဆိုတာ အရမ်း ဝါသနာ ပါတယ် ... မင်းသားတော့ ဘယ်လိုမှ လုပ်ခိုင်းလို့ မရဘူး ... " ဆိုပြီး ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်အေတွက် အဆိုပါဗီဒီယိုလေးကိုဖော်ပြပေးလိုက်ပါတယ်။

SOURCE : MYANMARLOADTV 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။