မနေ့ကမေလ၁၆ရက်နေ့ဟာမြန်မာ့ဘောလုံးသမိုင်းအတွက်တော့အောင်မြင်မှုတွေကိုစတင်ယူဆောင်လာပေးတဲ့နှစ်တစ်နှစ်လို့သတ်မှတ်ရပါတယ်။မြန်မာ့ဘောလုံးလောကကိုအပျော်တမ်းကနေပရော်ဖက်ရှင်နယ်ဘောလုံးလောကကိုပြောင်းလဲခဲ့တဲ့နေ့တစ်နေ့လည်းဖြစ်ပါတယ်။အဲ့လိုပြောင်းလဲမှုတွေကြောင့်လည်းလူငယ်ကစားသမားတွေများစွာပေါ်ထွက်လာခဲ့ပြီး၂၀၁၅မှာယူ၂၀ကမ္ဘာ့ဖလားတောင်ပါဝင်ခွင့်ရခဲ့တာပါ။

လွန်ခဲ့တဲ့ ၁၀ နှစ် ဒီနေ့မှာ ပြိုင်ပွဲကြီးကို ခမ်းခမ်းနားနားနဲ့ စတင်ဖွင့်လှစ်ခဲ့ပြီး အဖွင့်ပွဲအဖြစ် ရန်ကုန်ယူနိုက်တက် အသင်းနဲ့ ဇေယျာရွှေမြေ အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာမှာ ရန်ကုန်ယူနိုက်တက် အသင်းက ၄-၀ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ အဲ့တုန်းကမြန်မာနေရှင်နယ်လိဒ်ပွဲတွေဟာကွင်းလုံးပြည့်နဲ့ပရိသတ်တွေအကြိုက်ပွဲကောင်းတွေဖြစ်ခဲ့ရတာပါ။

မြန်မာနေရှင်နယ်လိဒ်ကိုစတင်ကျင်းပတုန်းကလိဒ်ပြိုင်ပွဲနဲ့စတင်ခဲ့တာမဟုတ်ပဲပြိုင်ပွဲဝင် အသင်း (၈) သင်းက ပတ်လည် တစ်ကျော့သာ ယှဉ်ပြိုင် ကစားရပြီး အမှတ်အများဆုံး နှစ်သင်းကို ဗိုလ်လုစေခဲ့တာပါ။ အဲဒီ ၂၀၀၉ မြန်မာနေရှင်နယ်လိဂ်ဖလား ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲမှာ ရတနာပုံ အသင်းနဲ့ ရန်ကုန်ယူနိုက်တက်တို့ တွေ့ဆုံခဲ့ပြီး ရတနာပုံ အသင်းက ပင်နယ်တီ အဆုံးအဖြတ်မှာ အနိုင်ရကာ ပထမဆုံးဆုဖလားကို ရရှိခဲ့ပါတယ်။ခုမှာတော့မြန်မာနေရှင်နယ်လိဒ်ဟာအသင်းတွေများလာပြီးအိမ်ကွင်းအဝေးကွင်းစနစ်တွေနဲ့ပိုပြီးတိုးတက်လာပေမယ့်ပရိသတ်တွေကတော့အရင်တုန်းကထက်လျော့နည်းသွားခဲ့ပါတယ်။

SOURCE:Myanmar National League

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။