သွေးလွန်တုပ်ကွေးရောဂါကတော့ ပြည်တွင်းအဖြစ်များလေ့ရှိတဲ့ ရောဂါတစ်ခုဖြစ်ပြီး မဖွံ့ဖြိုးသေးတဲ့ဒေသတွေမှာ ပိုမိုဖြစ်ပွားလေ့ရှိတာတွေ့ရပါတယ်။ အဆိုပါ သွေးလွန်တုပ်ကွေးရောဂါကို ကြိုတင်ကာကွယ်မှုတွေပြုလုပ်လျှက်ရှိပြီး ကျန်းမာရေး ဌာနမှလည်းကိုယ်တိုင်သွားရောက်စစ်ဆေးမှုတွေလုပ်ဆောင်ပေးလျှက်ရှိတာတွေ့ရပါတယ်။  

ပုသိမ်ခရိုင် ငါးသိုင်းချောင်းမြို့တွင်လည်း မြို့လုံးကျွတ် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အဘိတ်ဆေးခပ်ခြင်းနှင့် ဖုံး/သွန်/လဲ/စစ်လုပ်ငန်း/ ပတ်ဝန်းကျင်သန့်ရှင်းရေး လုပ်ငန်းများကို အိမ်တိုင်ရာရောက်လိုက်လံ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရပါတယ်။ မေလ ၁၅ ရက်နေ့တွင် ငဝန်ရပ်ကွက်၊ ယနေ့မေလ ၁၇ ရက်နေ့နံနက်ပိုင်းတွင် မြို့မရပ်ကွက် တို့တွင် ဆောင်ရွက်ခဲ့ပြီး လက်ရှိအချိန်အထိ မြို့ပေါ်ရပ်ကွက်(၃)ခုတွင် အိမ်ခြေပေါင်း(၂၀၁၄)လုံး၌ လိုက်လံ ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရပါတယ်။  

ငါးသိုင်းချောင်းမြို့ပေါ် ရပ်ကွက်(၆)ခုတွင် အိမ်ခြေစုစုပေါင်း (၄၃၁၄) လုံးတည်ရှိရာ ကျန်ရှိသောမြို့ပေါ် ရပ်ကွက်(၃)ခု၌ မေလ ၂၄ ရက်နေ့ နောက်ဆုံးထား၍ ဆက်လက်စုပေါင်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရပါတယ်။ ကျေးရွာအုပ်စု(၃၂)စု၌လည်း သက်ဆိုင်ရာ အပိုင်းအလိုက် ကျေးလက်ကျန်းမာရေးဌာနမှ ဦးဆောင်၍ ဆောင်ရွက်လျက်ရှိပါကြောင်း မြို့ပြည်သူ့ကျန်းမာရေး ဦးစီးဌာနထံမှ သိရှိရပါတယ်။

SOURCE - MOI 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။