ပညာရေး ကဏ္ဍမှာ နိမ့်ပါးလွန်းတဲ့ ကျေးလက်ဒေသတွေကို စာပေနဲ့ပတ်သက်ပြီး ပရဟိတအဖွဲ့များနှင့်အတူ စာဖတ်ရှိန်မြှင်တင်ရေး လုပ်ဆောင်မှုတွေကတော့ မဆက်မပျက်လုပ်ဆောင်လျှက်ရှိတာတွေ့ရပါတယ်။ သွားလာရေးခက်ခဲပြီး မြို့နှင့်အလှမ်းဝေးသော ကျေးရွာများတွင် စာဖတ်ရှိန်မြှင့်တင်ပေးနိုင်ရေးအတွက် ညောင်လေးပင်မြို့နှင့် မိုင် ၂၀ ကျော်ဝေးသည့် ဂျောင်းတာကျေးရွာ အခြေခံပညာအလယ်တန်း ကျောင်း၌ ယမန်နေ့ နံနက် (၁၀) နာခွဲအချိန်က စာဖတ်ရှိန်မြှင့်တင် ရေး ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရပါတယ်။  

ရှေးဦးစွာ ညောင်လေးပင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူး ဒေါ်နီနီဝင်းက တက်ရောက်လာသူများကို ကျေးရွာစာကြည့်တိုက်ဖြစ်ပေါ်လာစေရေး၊ အပူဒဏ်အန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် လူကုန်ကူးမှုကာကွယ်တားဆီးရေး ဆိုင်ရာများ အသိပညာပေးဟောပြောခဲ့ကြောင်း သိရပါတယ်။ ထို့နောက် ဓာတ်ပုံကျွမ်းကျင်-၂ ဦးသက်လွင်နှင့် စာထောက်-၃ ဒေါ်မိုးစန္ဒာဝင်းတို့က ကျောင်းသား၊ ကျောင်းသူများကို ရုပ်ပုံစာအုပ်၊ စက္ကူပြဇာတ်တို့ဖြင့် ပုံပြင်ပြောခြင်း၊ အားကစားလှုပ်ရှားမှုများ ဆောင်ရွက်ပေးခြင်း၊ မူးယစ်ဆေးဝါး၊ အပူဒဏ်၊ လူကုန်ကူးမှုအသိပညာပေးနံရံကပ်စာစောင်များပြသခြင်း၊ စာအုပ်များကို ကိုယ်တိုင်ယူဖတ်စေခြင်းနှင့် စာအုပ်များငှားပေးခြင်း တို့ဆောင်ရွက်ပေးကြပါတယ်။ 

အဆိုပါပြုလုပ်မှုကို ရှေးယခင်ကတည်းက ပြုလုပ်ခဲ့တာဖြစ်ပြီး တစ်လလျှင်ကျေးရွာငါးရွာ စာဖတ်ရှိန် မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါတယ်။ လူကြီးမိဘများနှင့် ကျေးလက်နေ ကျောင်းသားလူငယ်များစွာတက်ရောက်ခဲ့ကြတဲ့ အဆိုပါ ပုံရိပ်အချို့ကို မျှဝေပေးလိုက်ပါတယ်။

SOURCE - MOI 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။