မြန်မာ့ရုပ်ရှင် ဗီဒီယိုလောကမှာ နာမည်တစ်လုံးနဲ့ နေရာယူခဲ့ပြီး ပရိသတ်အခိုင်အမာရရှိထားတဲ့ သရုပ်ဆောင်မင်းသမီးဆုမြတ်နိုးဦးကိုသိကြမယ်ထင်ပါတယ်..။ သူမဟာဆိုရင် ချစ်စရာမျက်နှာထားလေးနဲ့ ခန္ဓာကိုယ်ကောက်ကြောင်းအလှလေးကိုလည်းပိုင်ဆိုင်တာပါနော်...။ အမြဲဖက်ရှင်အလန်းလေးနဲ့ ဝတ်ဆင်လေ့ရှိတဲ့ သူမဟာဆိုရင် မြန်မာဝတ်စုံလေးတွေကိုလည်း အမြတ်တနိုးဝတ်ဆင်လေ့ရှိတာဖြစ်ပါတယ်...။ စိတ်ထားကောင်းမွန်သူကြောင့် တတိုင်းပြည်လုံးရှိ ပရိသတ်တွေက ချစ်ခင်အားပေးဝန်းရံလျက်ရှိတာဖြစ်ပါတယ်....။

ဆုမြတ်နိုးဦးရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုတွေဟာဆိုရင်တော့ photo shooting တွေရိုက်ကူးလေ့ရှိပြီး၊ ကြော်ငြာမဂ္ဂဇင်းတွေမှာလည်း သူမရဲ့ အလှပုံရိပ်တွေကို ရှုစားကြရမှာပါ...။ ခရီးသွားဝါသနာပါသူဖြစ်ပြီး ခရီးသွားမှတ်တမ်းပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေ ရှုစားကြရအောင် တင်ဆက်ပေးလေ့ရှိတာဖြစ်ပါတယ်...။ "N-H-K = ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ" အဖွဲ့တွင် သူမပါဝင်ပြီး social media လောကတွင် ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးမှုကိုလည်း လက်ခံရရှိထားတာဖြစ်ပါတယ်..။

ဆုမြတ်နိုးဦးဟာ ပရိသတ်ကြီးနဲ့ အဆက်အသွယ်မပြတ်ရအောင် လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ facebook ပေါ်တွင် သူမရဲ့ နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကို အစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်..။ အခုတစ်ခါမှာဆိုရင်လည်း "Love the nature" ဆိုတဲ့ staus လေးနဲ့ တကွ အလှပုံရိပ်လေးတွေကို ထုတ်ဖော်ပြသထားတာဖြစ်ပါတယ်...။ ပရိသတ်ကြီးအပေါ် အခုလို တလေးတစားနဲ့ ပြုမူဆက်ဆံပေးတဲ့ ဆုမြတ်နိုးဦးကို ဆက်လက်အားပေးသွားကြပါဦးနော်...။

Source Hsu Myat Noe Oo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။