ပရိသတ်ကြီးရေ အကယ်ဒမီသက်မွန်မြင့်ကတော့ ဟိုးအရင်ကတည်းက ချစ်စဖွယ်အမူအရာလေးတွေနဲ့ ပရိသတ်ရင်ထဲကို တိုးဝင်လာသူလေးပဲဖြစ်ပါတယ်။အခုဆိုရင်တော့ သက်မွန်က ပျော်ရွှင်စရာမိသားစုဘဝလေးကိုပိုင်ဆိုင်ထားပြီး မိသားစုနဲ့အတူ တည်ငြိမ်အေးချမ်းစွာနေထိုင်နေတာပါ။ချစ်ရတဲ့ခင်ပွန်းကလည်း သက်မွန်ကို နားလည်မှုအပြည့်ပေးထားပြီး ကြင်နာယုယတတ်သူမို့ ခင်ပွန်းကောင်းကိုပိုင်ဆိုင်ထားပါတယ်နော်။

သက်မွန်ရဲ့သားနဲ့သမီးတွေကလည်း ချစ်စမွှေးပါကြလို့ ပရိသတ်တွေက သက်မွန်ကိုချစ်ခင်အားပေးတာအပြင် သားနဲ့သမီးကိုပါ ချစ်ကြပါတယ်နော်။သက်မွန်ကတော့ အနုပညာလောကမှာ အောင်မြင်မှုတစ်ခုကိုရရှိနေတဲ့မင်းသမီးတစ်လက်ဖြစ်ပြီး လက်ရှိမှာလည်း အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လှုပ်ရှားနေပါတယ်။သက်မွန်ကတော့ ကလေးနှစ်ယောက်အမေဖြစ်ပေမယ့် သူမရဲ့လှပမှုတွေကတော့ အမြဲတမ်းနုပျိုနေတာပဲ ဖြစ်ပါတယ်။

အခုဆိုရင်တော့ သက်မွန်က ဒီဇိုင်နာမင်းသက်စံရဲ့ တစ်ကိုယ်တော်ပြသတဲ့ပွဲကို အရမ်းမိုက်တဲ့ဖက်ရှင်အဆန်းနဲ့ တက်ရောက်ထားတာကိုတွေ့ရပါတယ်။ပရိသတ်တွေမြင်နေကျပုံစံလေးမဟုတ်တော့ သက်မွန်ရဲ့ တစ်မူထူးခြားတဲ့ ဒီဇိုင်းက ပရိသတ်တွေတောင် အမြင်ဆန်းသွားရပါတယ်နော်။ကလေးနှစ်ယာက်အမေဖြစ်ပေမယ့် အရမ်းလန်းပြီးမိုက်နေတဲ့ သက်မွန်ရဲ့အမိုက်စားပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါရစေနော်။

Source:Thet Mon Myint

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။