ပရိသတ်ကြီးရေ အနုပညာရှင်မိသားစုတွေထဲမှာ ပိုင်ဇေရဲထွန်းတို့မိသားစုကလည်း ပရိသတ်တွေချစ်ရတဲ့မိသားစုလေးဖြစ်ပါတယ်နော်။ပိုင်ဇေရဲထွန်းရဲ့ ချစ်ဇနီးလေး ဇင်သဲနိုင်ကလည်း အရမ်းချစ်စရာကောင်းလို့ ပရိသတ်တွေအရမ်းချစ်ရတဲ့သူပါ။သမီးနဲ့သားတွေကလည်း အဖေ အမေနဲ့ တူကြလို့ အကုန်လုံးအချောအလှတွေပဲ ဖြစ်ပါတယ်။ပိုင်ဇေရဲထွန်းတို့မိသားစုကတော့ ပျော်ပျော်ရွှင်ရွှင်နဲ့ အေးချမ်းစွာနေထိုင်နေတာပါ။

ပိုင်ဇေရဲထွန်းက အနုပညာအလုပ်တွေကိုမလုပ်တော့ပေမယ့် ပရိသတ်တွေကတော့ ယနေ့ချိန်ထိ အားပေးချစ်ခင်နေဆဲ ဖြစ်ပါတယ်။သူတို့မိသားစုက အလှူအတန်းဆိုလည်း တတ်နိုင်သလောက်ကို မကြာခဏလှူတတ်တဲ့မိသားစုလေးပါ။ဇင်သဲနိုင်ကတော့ ကလေးသုံးယောက်အမေဖြစ်ပေမယ့် သူမရဲ့လှပနုပျိုမှုတွေက မိန်းကလေးတွေတောင်အားကျရပါတယ်နော်။ဇင်သဲနိုင်က ဝါသနာပါတဲ့ကိုယ်ပိုင်စီးပွားရေးလေးကိုလည်း လုပ်ဆောင်နေလို့ စီးပွားရေးအမြင်ရှိပြီး ထက်မြက်တဲ့အမျိုးသမီးတစ်ဦးပါနော်။

ပိုင်ဇေရဲထွန်းနဲ့ ဇင်သဲနိုင်တို့က ပွဲအခမ်းအနားတွေကိုလည်း အတူတူတက်ရောက်ကြပြီး အရမ်းလိုက်ဖက်ညီတဲ့ဇနီးမောင်နှံပါနော်။အခုဆိုရင်လည်း ဒီဇိုင်နာမင်းသက်စံရဲ့ တစ်ကိုယ်တော်ပြပွဲကို ဇနီးမောင်နှံနှစ်ယောက်က လက်ချင်းချိတ်ပြီး တက်ရောက်ခဲ့ကြပါတယ်။ဇနီးမောင်နှံနှစ်ယောက်လုံးက အချောအလှတွေဖြစ်လို့ လိုက်ဖက်ညီတင့်တယ်လှပြီး အရမ်းချစ်စရာကောင်းတဲ့စုံတွဲလေးပါနော်။ပရိသတ်ကြီးအတွက် ဇနီးမောင်နှံနှစ်ယောက်ရဲ့ ချစ်စရာကာင်းတဲ့ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါရစေနော်။

Source:Zin Thae Naing

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။