အင်္ဂလန်နိုင်ငံရဲ့သက်တမ်းအရင့်ဆုံးပြိုင်ပွဲတစ်ခုဖြစ်တဲ့FAဖလားပြိုင်ပွဲနောက်ဆုံးဗိုလ်လုပွဲကိုတော့ဒီနေ့ည၁၀ခွဲမှာမန်စီးတီူအသင်းနဲ့ဝက်ဖို့ဒ်အသင်းတို့ယှဉ်ပြိုင်ကစားကြမှာပဲဖြစ်ပါတယ်။မန်စီးတီးအသင်းဟာပူပူနွေးနွေးပရီးမီးယားလိဒ်ချန်ပီယံဆုဖလားကြီးကိုမကြာခင်ကမှသိမ်းပိုက်ထားတဲ့အမှတ်ပေးချန်ပီယံအသင်းပဲဖြစ်ပါတယ်။

ဒီနှစ်ရာသီမှာလူငယ်ကစားသမားတွေနဲ့အကောင်းဆုံးခြေစွမ်းတွေကိုပိုင်ဆိုင်ထားတဲ့မန်စီးတီးအသင်းအတွက်တော့ဖလားနှစ်လုံးမျှော်လင့်ချက်တွေကတော့အကောင်းဆုံးအခွင့်ရေးပဲဖြစ်ပါတယ်။ဝက်ဖို့ဒ်အသင်းကလည်းဒီနှစ်ရာသီမှာအကောင်းဆုံးခြေစွမ်းတွေနဲ့အသင်းကြီးတွေကိုဒုက္ခပေးပြီးအမှတ်ပေးဇယားအဆင့်၁၁နေရာမှာရပ်တည်နေနိုင်ခဲ့တာပါ။

မန်စီးတီးအသင်းကလည်းဖလား၂လုံးမျှော်လင့်ချက်အတွက်ကစားရမှာဖြစ်သလိုဝက်ဖို့ဒ်လိုအသင်းအတွက်ကတော့ယူရိုပါလိဒ်ဝင်ခွင့်တစ်နေရာနဲ့ဖလားမျှော်လင့်ချက်အတွက်အကောင်းဆုံးကစားရမှာဖြစ်ပါတယ်။မန်စီးတီးအသင်းဟာဝက်ဖို့ဒ်အသင်းနဲ့အမှတ်ပေးပွဲတွေမှာဆုံတုန်းကလည်းခက်ခက်ခဲခဲအနိုင်ကစားရတာကြောင့်ဒီဗိုလ်လုပွဲကတော့ပရိသတ်တွေအတွက်ရင်ခုန်စရာတွေပေးနိုင်မှာဖြစ်တာကြောင့်စောင့်မျှော်အားပေးကြပါဦးနော်။

Photo:Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။