မော်ဒယ်၊ သရုပ်ဆောင် မင်းသားချော တိုင်ရွန်ကတော့ နှုတ်ခမ်းနီမလေးတွေကြားမှာ အရမ်းကို ရေပန်းစားအောင်မြင်နေသူ ဖြစ်ပါတယ်။ အမိုက်စား တက်တူးတွေနဲ့ တောင့်တင်းတဲ့Body အချိုးအစားကို ပိုင်ဆိုင်ထားတဲ့ တိုင်ရွန်က ယောက်ျားပီသသူလည်း ဖြစ်ပါတယ်။ တိုင်ရွန်က အမြဲတမ်း အားကစားလိုက်စားလေ့ရှိတာကြောင့် ဗလတောင့်တောင့် Body နဲ့ပုံရိပ်တွေကို မကြာခဏ တင်လေ့ရှိတာ ဖြစ်ပါတယ်။

မကြာသေးခင်က တင်ထားခဲ့တဲ့ တိုင်ရွန်ရဲ့ ပုံရိပ်တစ်ခုကိုတော့ Photoshop နဲ့ ပြန်ပြင်ပြီးတင်ထားတာ ခံခဲ့ရပါတယ်။ ဒါကြောင့် တိုင်ရွန်က တစ်ကိုယ်လုံး အဝတ်ဗလာဖြစ်သွားအောင် Photoshop နဲ့လုပ်ကြံခံခဲ့ရတဲ့အကြောင်း ပရိသတ်တွေကို ပြန်လည်ရှင်းပြခဲ့ပါတယ်။ လက်ရှိမှာ တိုင်ရွန်က Facebook နဲ့ Instagram Accout နှစ်ခုကိုသာ အသုံးပြုတာဖြစ်ကြောင်းလည်း ပြောကြားခဲ့တာ တွေ့ရပါတယ်။

တိုင်ရွန်က ''Photoshop နဲ့ လုပ်ကြံ ကန်တော့ပါရဲ့ခင်မျာ အဲ့လိုလုပ်ကြံတော့ ဘယ်ကောင်းပါ့မလဲခင်မျာ သေချာခွဲခြားမြင်တတ်ကြပါစေ အားလုံးကျန်းမာချမ်းသာကြပါစေခင်မျာ ...Twitter လည်းမသုံးပါ Facebook နဲ့ Ig ကလွဲတခြားမသုံးပါ ဘောင်းဘီနဲ့ပုံက Ig မှာတင်ထားတာ apirl 30 ထဲကပါ Facebook ပေါ်မှာတင်ပြီးပြန်ဖျက်ထားပြီးသားပါ မရှင်းဘဲနေနေပေမယ့် ရိုင်းပြလာလို့ပါ'' ဆိုပြီး ဖြေရှင်းလာခဲ့တာပဲ ဖြစ်ပါတယ်။

Source: Tyron Bejay;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။