အပျိုကြီးမမ ပိုပိုတစ်ယောက် သူမရဲ့ဖျော်ဖြေတော့မယ့် ပုံရိပ်လေးတွေကို ဝေမျှလိုက်တာပဲဖြစ်ပါတယ်။ ပန်းရောင်ဝတ်စုံလေးနဲ့ အလှကြီးလှနေတဲ့ အပျိုကတော့ ပရိသတ်တွေရဲ့အချစ်တွေကို အပြတ်အသတ် သိမ်းပိုက်တော့မှာပါ။ ဘယ်အချိန်ကြည့်ကြည့် လန်းဆန်းတက်ကြွမှုတွေနဲ့ ပေါ့ပါးပျော်ရွှင်နေတဲ့ သူမရဲ့ပုံရိပ်တွေက မြင်သူတိုင်းကို အချစ်ပိုစေခဲ့ပါတယ်။ 

သီချင်းခွေတွေလည်းထွက်ရှိထားပြီး ပရိသတ်တွေရဲ့အားပေးမှုကို အပြည့်အဝရရှိခဲ့သူတစ်ယောက်ပါပဲ။ " ရှပ်ဖိုးချစ်သူ " ဆိုတဲ့ ဇာတ်လမ်းတွဲမှာလည်း ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ အဆိုတော်အဖြစ်နဲ့ ဂီတလောကမှာလျှောက်လှမ်းခဲ့ပြီး ဒီဇာတ်လမ်းတွဲကတော့ သူမရဲ့ပထမဆုံးဇာတ်လမ်းတွဲပဲ ဖြစ်ပါတယ်။ 

သူမရဲ့ဖျော်ဖြေခါနီးပုံရိပ်လေးတွေကို " ဒီမှာ မောင် ချစ်တယ်တော့လုပ်လိုက် " ဆိုပြီး တင်ထားတာပဲ ဖြစ်ပါတယ်။ ပန်းရောင်ဝမ်းဆက်လေးနဲ့ လှချင်တိုင်းလှနေတဲ့ အပျိုကြီးမမရဲ့ ဖျော်ဖြေခါနီးပုံရိပ်လေး တွေကို ပရိသတ်ကြီးလည်းထပ်တူမြင်တွေ့နိုင်အောင် တင်ဆက်ပေးလိုက်တယ်နော်။ အပျိုကြီးကတော့ လှပြီးရင်းလှ ဂေါ်ပြီးရင်းဂေါ်နေတာပဲနော်။

Photo - ပိုပို

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။