ဘွန်ဒက်လီဂါပြိုင်ပွဲရဲ့နောက်ဆုံးပွဲစဉ်တွေကိုတော့မနေ့ညကယှဉ်ပြိုင်ကစားခဲ့ပြီးဘိုင်ယန်မြူးနစ်အသင်းကဂိုးပြတ်အနိုင်ယူပြီးချန်ပီယံဆုကိုဆွတ်ခူးသွားတာဖြစ်ပါတယ်။ဘိုင်ယန်အသင်းဟာအမှတ်ပေးဇယားမှာဒေါ့မွန်တဲ့တစ်မှတ်သာကွာဟတာကြောင့်ဒီနေ့ပွဲမှာအနိုင်ရမှချန်ပီယံဖြစ်နိုင်မှာပါ။

ဒါကြောင့်ဘိုင်ယန်အသင်းကအကောင်းဆုံးကစားသွားခဲ့ပြီးပွဲအပြီးမှာ(၅-၁)ဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိခဲ့ပါတယ်။ဒီနေ့ပွဲကတော့ပရိသတ်တွေအတွက်ပွဲကောင်းတစ်ပွဲဖြစ်ခဲ့သလိုဝမ်းနည်းစရာတွေနဲ့လည်းပြည့်နှက်ခဲ့တဲ့ပွဲတစ်ပွဲဖြစ်ခဲ့ရပါတယ်။

အသင်းမှာ၂၀၀၈ခုနှစ်တည်းကယနေ့အချိန်ထိတိုင်အကောင်းဆုံးခြေစွမ်းသွင်းဂိုးတွေနဲ့အောင်မြင်မှုတွေဆွတ်ခူးပေးခဲ့တဲ့ကစားသမားရစ်ဘာရီနဲ့ရော်ဘင်တို့ကတော့ဘိုင်ယန်အသင်းကနေထွက်ခွာတော့မှာဖြစ်ပါတယ်။သူတို့ကတော့အသင်းရဲ့မေ့မရနိုင်တဲ့ကစားသမားနှစ်ယောက်ဖြစ်ပါတယ်။မနေ့ကသူ့တို့ရဲ့နောက်ဆုံးပွဲစဉ်မှာလည်းပါဝင်ကစားခဲ့ပြီး၂ယောက်လုံးကလှလှပပအနိုင်ဂိုးတစ်ဂိုးဆီသွင်းယူနိုင်ခဲ့တာပါ။ပရိသတ်တွေအတွက်လည်းဘိုင်ယန်အသင်းရဲ့အောင်ပွဲခံပုံရိပ်လေးတွေကိုလည်းတင်ဆက်ပေးလိုက်ရပါတယ်။

Photo:UEFA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။