ချစ်ပရိတ်သတ်ကြီးရေ.... အနုပညာအသိုင်းအဝိုင်းမှာ ဟိုးအရင်အချိန် အချိန်အခါကနေပြီးတော့ အခုထက်ထိအောင်မြင်နေဆဲ အနုပညာရှင်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်တဲ့ မေကဗျာကိုမသိတဲ့သူမရှိပါဘူးနော်။ ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင်နဲ့ သရုပ်ဆောင်ပြနိုင်တာကြောင့် အားလုံးရဲ့ လက်ခုပ်သံတွေက သူမအတွက်ဖြစ်နေခဲ့ရပါတယ်။

သူမဟာလက်ရှိမှာဆိုရင်လည်း အနုပညာအလုပ်တွေကို အချိန်ရရင်ရသလို လုပ်ဖြစ်နေပြီးတော့ ကြော်ငြာတွေကိုလည်း ရိုက်ကူးနေတယ်လို့သိရပါတယ်နော်။ ဒီလိုအလုပ်တွေပိပြီးမအားတဲ့အချိန်မှာသူမဟာ မိသားစုကိုလည်းအချိန်ပေးသလို အလှူအတန်းလေးတွေလည်းလုပ်တတ်ပါသေးတယ်။ ဖြူစင် ရိုးသားတဲ့ ရွာသူလေးတစ်ယောက်လည်းဖြစ်တဲ့အတွက် ယဉ်ကျေးမှု ရိုးရာဓလေ့တွေနဲ့မြန်မာဆန်ဆန်ပြင်အဆင်လေးတွေကိုလည်း ချစ်မြတ်နိုးတတ်သူလေးပါနော်။

ဒါကြောင့် အခုတစ်ခါမှာတော့ သူမဟာ မြင်သူတစ်ကာတွေ လည်ပြန်ငေးရလောက်အောင်ကို လှပနေတဲ့ တည်ငြိမ်ရင့်ကျက်တဲ့ အလှတရားတွေနဲ့ မြန်မာဆန်ဆန်ဖက်ရှင်လေးကို ရင်ခုန်စဖွယ်တွေ့မြင်ရပြန်ပါတယ်နော်။ အသက်ဘယ်လောက်လဲဆိုတာတောင် ခန့်မှန်းရခက်တဲ့ အလှတရားကြောင့်လည်း ပရိတ်သတ်တွေက သူမရဲ့ နုပျိုမှုတွေကို အားကျပြီး အချစ်တွေပိုနေရပါတယ်နော်။ကဲ... မြန်မာဆန်ဆန်လေးနဲ့ မေကဗျာရဲ့ အကြွေတစ်လိုင်းပုံရိပ်လေးတွေကို ချစ်ပရိတ်သတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source: Ei Phyo Wai

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။