ချစ်ပရိတ်သတ်ကြီးရေ... ဖိုက်တင်ဇာတ်ကြမ်းကားတွေမှာ တိုက်ခိုက်ခန်းတွေ ဖိုက်တင်ခန်းတွေကို ပီပီပြင်ပြင်နဲ့သရုပ်ဆောင်နိုင်တဲ့ မင်းသမီးချောလေး ယဉ်လတ်ဟာ နာမည်ကျော်လေးပါပဲနော်။ ကျရာဇာတ်ရုပ်ကိုပီပီပြင်ပြင် သရုပ်ဆောင်နိုင်စွမ်းရှိတဲ့အပြင် ချစ်ဖို့ကောင်းတဲ့မျက်နှာလေးကြောင့် ပရိတ်သတ်တွေ အချစ်ပိုနေခဲ့ရပါတယ်နော်။

သူမဟာ မဆိုပ်မနစ်နဲ့ သူမဝါသနာပါတဲ့ အနုပညာလမ်းကြောင်းပေါ်မှာ ကြိုးစားလျှောက်လှမ်းနေရင်းနဲ့ အခုဆိုရင်ပရိတ်သတ်တွေပေးတဲ့နေရာတစ်နေရာကိုထိုက်ထိုက်တန်တန်နဲ့ရရှိထားခဲ့ပါပြီနော်။ သူမဟာ လက်ရှိမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်နေခဲ့ရပြီးတော့ ပရိတ်သတ်တွေအတွက် အစွမ်းကုန်ကြိုးစားနေပါတယ်နော်။

သူမဟာ မိသားစုကို လည်းအရမ်းကိုချစ်တတ်ပြီးတော့ မိသားစုအတွက်လည်း သူမဟာ သာယာတဲ့ဆည်းလည်းလေးပါပဲနော်။ မိဘတွေရဲ့ အချစ်တွေကို ရာနှုန်းပြည့်ပိုင်ဆိုင်ထားတဲ့သူမဟာ သမီးအလိမ္မာလေးတစ်ယောက်ဆိုလည်းမမှားပါဘူးနော်။ ယဉ်လတ်ဟာ အခုတစ်ခါမှာတော့ သူမရဲ့ အရမ်းချစ်ရတဲ့ဖေဖေကိုယ်တိုင် ဓာတ်ပုံဆရာလုပ်ပြီးတော့ ရိုက်ပေးထားတဲ့ သူမရဲ့ အရမ်းကိုလှပလွန်းတဲ့ ပုံရိပ်လေးတွေ ကိုချစ်ပရိတ်သတ်တွေကို ထုတ်ကြွားခဲ့ပါတယ်နော်။ ကိုလိုနီခေတ်ကအငွေ့အသက်တွေနဲ့ အရမ်းကိုလှပနေတဲ့ မြန်မာမလေးယဉ်လတ်ရဲ့ ဖေဖေလက်ရာအလှပုံရိပ်လေးတွေကို ချစ်ပရိတ်သတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source: Yin Let

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။