နှင်းဆီအဖွဲ့သားအားလုံးဘန်ကောက်ကိုရောက်ရှိနေပါတယ် ။

ဒါရိုက်တာမောင်မျိုးမင်း ( ရင်တွင်းဖြစ် ) စီစဉ်ခဲ့တဲ့ နှင်းဆီ အငြိမ့်ဟာဆိုရင် ပြည်သူတွေကြားရေပန်းစားပြီး

ပြက်လုံးများပါ ပါးစပ််ဖျားစွဲကုန်တဲ့ထိ နာမည်ကြီးလှပါတယ် ။ နာမည်ကျော် သရုပ်ဆောင်မင်းသားတွေက

လူပြက်အဖြစ်ပါဝင်တာမို့ တစ်မျိုးထူးတဲ့အနုပညာတွေကို ပူးပေါင်းဖန်တီးပြမှုတစ်ခုပါ ။ အငြိမ့်တွေ ပြဇာတ်တွေကို

အောင်မြင်စွာစုစည်းတင်ဆက်ခဲ့တဲ့ နှင်းဆီအဖွဲ့သားတွေဟာ ဒီနှစ်အကယ်ဒမီမှာလဲ နှင်းဆီရင်ထိုးဆင်တူ ကိုယ်တိုင်ထိုးပြီး

ပွဲတက်ခဲ့ကြတာပါ ။ ခုလဲ ထွန်းထွန်းကလွဲပြီး တစ်ဖွဲ့သားလုံး ဘန်ကောက်ကိုရောက်ရှိနေပြန်ပါပြီ ။

ထွန်းထွန်းကတော့ ကားရိုက်ရှိလို့ ကျန်နေခဲ့ပါတယ်တဲ့ ။ ထွန်းထွန်းကလဲ အဖွဲ့သားတွေနဲ့ မလိုက်ရဘဲ ကျန်နေခဲ့လို့

လွမ်းနေတဲ့ အကြောင်း comment ဝင်ရေးထားပါတယ် ။ စည်းလုံးတဲ့ နှင်းဆီအဖွဲ့သားတွေပါပဲနော် ... ။

Source : Ye lay

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။