အီတလီစီးရီးအေပြိုင်ပွဲရဲ့နောက်ဆုံးပွဲစဉ်တွေကိုတော့မနေ့ညကယှဉ်ပြိုင်ကစားသွားခဲ့ကြပါတယ်။ချန်ပီယံအသင်းကတော့ပွဲမပြီးဆုံးခင်တည်းကပရိသတ်တွေသိနေကြပေမယ့်လည်းပွဲတိုင်းကတော့ပရိသတ်တွေကိုအကောင်းဆုံးရသတွေပေးနိုင်ခဲ့ပါတယ်။ပရိသတ်တွေစိတ်အဝင်စားဆုံးပွဲစဉ်ဖြစ်တဲ့ဂျူဗင်တပ်အသင်းနဲ့အတ္တလန်တာအသင်းတို့ပွဲမှာတော့တစ်ဖက်တစ်ဂိုးနဲ့သရေကျပြီးဂျူဗင်တပ်အသင်းက၅နှစ်ဆက်တိုက်ချန်ပီယံဆုကိုသိမ်းပိုက်နိုင်ခဲ့တာပါ။

ဒီပွဲမှာတော့နာမည်ကျော်ဂျူဗင်တပ်အသင်းတိုက်စစ်မှူးဖြစ်တဲ့ရော်နယ်ဒိုကတော့စံချိန်သစ်တွေတင်နိုင်ခဲ့ပါတယ်။သူကတော့သူကစားခဲ့တဲ့အသင်းတိုင်းမှာအောင်မြင်မှုတွေရယူနိုင်ခဲ့တာပဲဖြစ်ပါတယ်။မန်ယူ၊ရီးရဲအသင်းတို့မှာလည်းအမှတ်ပေးဖလားတွေချန်ပီယံလိဒ်ဖလားတွေကိုအကြိမ်ကြိမ်ဆွတ်ခူးနိုင်ခဲ့သလိုခုဂျူဗင်တပ်အသင်းကိုရောက်ရောက်ချင်းမှာပဲအမှတ်ပေးဖလားကိုဆွတ်ခူးပေးနိုင်ခဲ့တာပါ။

ဂျုဗင်တပ်အသင်းဟာရော်နယ်ဒိုရောက်ပြီးမှအသင်းကပိုမိုတောင့်တင်းလာပြီးနိုင်ပွဲတွေကိုရခဲ့တာဖြစ်ပါတယ်။ရော်နယ်ဒိုကလည်းဂျူဗင်တပ်အသင်းအတွက်အရေးပါတဲ့ဂိုးတွေနဲ့အနိုင်ရလဒ်ကိုယူဆောင်ပေးနိုင်တဲ့ကစားသမားဖြစ်တာကြောင့်ပရိသတ်တွေချစ်နေရတာပါ။ပရိသတ်တွေအတွက်လည်းချန်ပီယံဆုတွေအကြိမ်ကြိမ်ဆွတ်ခူးနိုင်ခဲ့တဲ့ရော်နယ်ဒိုရဲ့ဂျူဗင်အသင်းအောင်ပွဲခံမှုပုံရိပ်လေးတွေကိုလည်းတင်ဆက်ပေးလိုက်ကပါတယ်။

SOURCE:Juventus

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။