အနဂ္ဂနဲ့ သံသာဝင်းတို့ဇနီးမောင်နှံလေးကတော့ တစ်ယောက်ကိုတစ်ယောက်အရမ်းချစ်ကြသလို နားလည်မှုကိုယ်စီတည်ဆောက်ပြီး သာယာပျော်ရွှင်တဲ့ အိမ်ထောင်သည်ဘဝလေးကို ပိုင်ဆိုင်ထားကြ သူတွေပဲ ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့သမီးလေးလည်း မွေးဖွားလာခဲ့ပြီး ကြည်နူးစရာမိသားစုလေးအဖြစ်နဲ့ ပရိသတ် တွေအားနေကြရတာပဲ ဖြစ်ပါတယ်။

မေလ(၁၉)ရက်နေ့ မနေ့ကတော့ အေးချမ်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတဲ့ အဆိုတော် အနဂ္ဂရဲ့ မွေးနေ့ဖြစ်ပါတယ်။ချစ်ခင်ရဲ့ သူငယ်ချင်းတွေ မိသာစုတွေက အဆိုတော်အနဂ္ဂအတွက် မွေးနေ့ဆုမွေန်ကောင်းတွေတောင်းပေးနေကြပါတယ်။ ရင်းနှီးတဲ့ မိတ်ဆွေတွေက အဆိုတော် အနဂ္ဂအတွက် မွေးနေ့suprise လုပ်ပေးခဲ့ပါတယ်။ 

အဆိုတော်အနဂ္ဂကတော့ " အရမ်းကြီးကို ချစ်ဖို့ကောင်းကြတဲ့ဗျာမထင်ထားဘူး အဆိုတော်အများကြီးဆိုပေးတဲ့Happy Birthday က ဘယ်တော့မှ မေ့မှာမဟုတ်ဘူးSurprise လုပ်ပြီး ဆိုပေးကြတဲ့ အဆိုတော် ညီအစ်ကိုမောင်နှမတွေကိုဘယ်လိုကျေးဇူးတင်ရမှန်းကို မသိဘူး ရုပ်ရှင်တွေထဲမှာသာ ကြည့်ဘူးတာဒါဟာ ဘဝမှာ ပထမဦးဆုံးကြုံဖူးချင်းပဲအားလုံးကို အရမ်းကျေးဇူးတင်တယ်

Live လွှင့်ပေးတဲ့ အာဇာနည် Zarni Myonyunt မွမွမွ " ဆိုပြီး ဗီဒီယိုလေးနဲ့အတူ ရေးသားထားခဲ့ပါတယ်။

source:  အနဂ္

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။