ယောက်ျားလေးပရိသတ်တွေရဲ့ အချစ်တော် မမသင်ဇာဝင့်ကျော်ကတော့ အလန်းစားဖက်ရှင်တွေကို ယုံကြည်မှုအပြည့်နဲ့ ဝတ်စားဆင်တတ်သူ ဖြစ်ပါတယ်။ ရင်ခုန်ချင်စရာကောင်းတဲ့ စွဲမက်ဖွယ် ကောက်ကြောင်းအလှတွေနဲ့ ဖမ်းစားတတ်တဲ့ မမသင်ဇာကတော့ မကြွေဘဲမနေနိုင်လောက်အောင် ညို့အားပြင်းလွန်းသူ ဖြစ်ပါတယ်။ အခုလည်း သင်ဇာက သူမတူတဲ့ ဖက်ရှင်တွေနဲ့ ပွဲအခမ်းအနားတစ်ခုကို တက်ရောက်နေတာ ဖြစ်ပါတယ်။

အခုလက်ရှိမှာ စင်ကာပူနိုင်ငံကို ရောက်ရှိနေတဲ့ သင်ဇာဝင့်ကျော်က "Suntec Singapore Convention & Exhibition Centre" မှာ ပြုလုပ်တဲ့ ပွဲအခမ်းအနားကို တက်ရောက်ဖို့ ဖိတ်ကြားခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။ ဒီပွဲလေးမှာတော့ သင်ဇာက အတွင်းသားအလှတွေ ပေါ်လွင်နေတဲ့ အပြာရောင်ဖက်ရှင်နဲ့ မြင်သူငေးအောင် တက်ရောက်လာခဲ့တာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သင်ဇာရဲ့တက်တူးတွေကိုလည်း အထင်းသားမြင်တွေ့နေရတာ ဖြစ်ပါတယ်။

ဒီပွဲအခမ်းအနားလေးမှာတော့ သင်ဇာဝင့်ကျော်က သူမကိုယ်တိုင် စင်မြင့်ပေါ်မှာ ဆုတက်ရောက် ချီးမြှင့်ပေးခဲ့ရတာပဲ ဖြစ်ပါတယ်။ ဆုချီးမြှင့်ပေးနေတဲ့ သင်ဇာကတော့ ဆွဲဆောင်မှုရှိတဲ့ ကောက်ကြောင်းအလှတွေနဲ့ အရမ်းကို ထင်ပေါ်တောက်ပနေတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် အလန်းစားဖက်ရှင်နဲ့ ဆုချီးမြှင့်ပေးနေတဲ့ မင်းသမီးချောလေး သင်ဇာဝင့်ကျော်ရဲ့ အမိုက်စားဗီဒီယိုဖိုင်လေးကို အောက်မှာ တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:thinzarwintkyaw; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။