ပရိသတ်ကြီးရေ လတ်တလောမှာ လူပြောအများဆုံး ဖြစ်နေတဲ့ အကြောင်းအရာလေးကတော့ ဒီနှစ် နွေရာသီမှာ အတော်လေးကို ပူအိုက်တယ်ဆိုတဲ့ အကြောင်းအရာလေးပါပဲ ။ ဘာလို့ ဒီလိုမျိုး အတော်လေးကို ပူအိုက်ရသလဲဆိုရင် သစ်ပင်သစ်တောတွေ နည်းပါးလာတဲ့ အပြင် ရာသီဥတုတွေဟာ ဖောက်လွှဲဖောက်ပြန် ဖြစ်လာတာကြောင့်လို့ ပြောလို့ရပါတယ်။ Global Warming လို့ ခေါ်တဲ့ ကမ္ဘာကြီးပူနွေးလာတဲ့ ဖြစ်စဉ်ဟာ ခရမ်းလွန်ရောင်ခြည်ကို စုပ်ယူနိုင်တဲ့ အိုဇုန်းလွှာတွေ ပျက်စီးလာမှုကြောင့် ဖြစ်သလို ရာသီဥတုတွေ ဖောက်လွှဲဖောက်ပြန် ဖြစ်လာရတဲ့ 

အကြောင်းအရင်းကလည်း သစ်တောတွေ ကမ္ဘာအနှံ့မှာ နည်းပါးလာတာကြောင့် ရာသီဥတုမျှတမှုမရှိတော့တာလည်း ဖြစ်ပါတယ်။ ဒါကြောင့် ပရိသတ်ကြီးအတွက် မိမိအိမ်ခြံဝင်းလည်း အလှတရားတွေနဲ့ ပြည့်နှက်သွားအောင်နဲ့ ကမ္ဘာကြီးကိုလည်း ကယ်တင်ရာရောက်အောင် စိုက်ပျိုးနိုင်တဲ့ ပန်းအလှစိုက်ပျိုးနည်းပုံစံ လေးတွေကိုဖော်ပြပေးလိုက်ပါတယ်။ တစ်ပုံချင်းစီကို ကြည့်ပြီး မိမိတို့အိမ်မှာ ဘယ်လိုစိုက်ပျိုးရင် ပိုလှမလဲဆိုတာ စဉ်းစားရင်း ပုံလေးတွေကို ရွေးချယ်ကြည့်လိုက်ပါအုန်းနော်။  

ပုံစံလေးတွေကို ရွေးချယ်ပြီးပြီဆိုရင်တော့ မိမိတို့ အိမ်နေရာပေါ်မှုတည်ပီး ချစ်စရာ ပန်းပင်လေးတွေကို စိုက်ပျိုးနိုင်ပါတယ်နော်။ ဒီလို မျိုး အပင်လေးတွေကို စိုက်လိုက်ခြင်း အားဖြင့် မိမိအိမ်လည်း လှပပြီး နေချင်စရာကောင်းသွားသလို ကမ္ဘာကြီး ကိုလည်း တစ်ထောင့်တစ်နေရာကနေ ကယ်တင်ပေးသလိုမျိုး ဖြစ်ရပါတယ် ပရိသတ်ကြီးရေ... ဒါ့ကြောင့် ငယ်စဉ်က သင်ခဲ့ရတဲ့ ကဗျာလေးအတိုင်း " သစ်ပင်စိုက်ပါ ဒို့ကမ္ဘာ ၊ သာယာလှပ စိမ်းမြမြ " ကမ္ဘာကြီးကို စိမ်းလန်းစိုပြည်အောင် ပြန်လည်လုပ်ပေးကြရအောင်လား ပရိသတ်ကြီးရေ....

Photo Source : Original Uploader

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။