တခါတရံမှာဆိုရင်တော့ သူစိမ်းတွေရဲ့အိမ်မှာ ဝေယာဝစ္စလုပ်ပေးနေရတဲ့ အိမ်အကူလေးတွေရဲ့ ဘဝဟာ အင်မတန်ကြေကွဲစရာကောင်းလှပါတယ်။

ကောင်းတဲ့အိမ်ရှင်နဲ့တွေ့ရင်တော့ သူတို့လေးတွေရဲ့ဘဝဟာ အဆင်ပြေသလိုရှိကြပေမယ့် ဆိုးသွမ်းတဲ့အိမ်ရှင်တွေနဲ့ တွေ့တဲ့အခါမှာတော့ သူတို့လေးတွေရဲ့ဘဝဟာ အနှိပ်စက်ခံဘဝနဲ့ နေ့စဉ်ဖြတ်သန်းနေနေကြရတာပဲဖြစ်ပါတယ်။

ဒါ့အပြင် မိမိနေထိုင်တဲ့နိုင်ငံမဟုတ်ဘဲ တိုင်းတပါးမှာ အိမ်အကူသွားလုပ်နေရတဲ့ အမျိုးသမီးလေးတွေရဲ့ ဘဝဟာဆိုရင်လည်း ထိုနည်းလည်းကောင်းပါပဲ။

ပြီးခဲ့တဲ့ရက်ပိုင်းက ဆိုရင်လည်း ဆော်ဒီနိုင်ငံဟာ အိမ်အကူသွားလုပ်ကိုင်နေတဲ့ ဖီလစ်ပိုင်အမျိုးသမီးလေးတစ်ဦးဟာ အိမ်ရှင်ရဲ့ ပြင်းထန်တဲ့အပြစ်ပေးနှိပ်စက်မှုကို ခံခဲ့ရတာတွေ့ရပါတယ်။

၎င်းအိမ်အကူအမျိုးသမီးလေးကတော့ အိမ်ရှင်တွေရဲ့ တန်ဖိုးကြီး ပရိဘောဂပစ္စည်းတွေကို နေပူပူထဲမှာ ထားခဲ့မိတာကြောင့် အိမ်ရှင်မိသားစုဟာ သူမကို ညှာတာမှုလုံးဝမရှိဘဲ အိမ်အပြင်ဘက်က သစ်ပင်တစ်ပင်မှာ ကြိုးတဲ့တုပ်ပြီး နေပြန်လှန်းထားမှုကို ခံခဲ့ရတာပဲဖြစ်ပါတယ်။

ခန္ဓာကိုယ်ကို လှပ်ရှားလို့မရအောင်ကို ကြိုးနဲ့ တင်းကြပ်စွာချည်နှောင်ခံထားရတာကြောင့် နာကျင်မှုဒဏ်ကိုခံစားခဲ့ရသလို ပြင်းထန်တဲ့နေရောင်ခြည်ရဲ့ အပူဒဏ်ကိုခံစားနေရတဲ့ သူမကို မကြည့်ရက်တဲ့ လူတွေဟာ ကူညီဖို့ကြိုးစားခဲ့ကြပေမယ့်လည်း မကူညီနိုင်ခဲ့ကြပါဘူး။

ဒါ့ကြောင့် အိမ်ရှင်တွေရဲ့ နှိပ်စက်မှုကိုခံနေရတဲ့ သူမကို မကြည့်ရက်တဲ့သူတွေဟာ ဒီအဖြစ်အပျက်ကိုဗီဒီယိုရိုက်ကူးထားပြီး အွန်လိုင်းပေါ်တင်ကာ တာဝန်ရှိသူတွေထံကိုလည်း ပေးပို့တိုင်တန်းခဲ့ကြပါတယ်။

အဲ့ဒီနောက်မှာတော့ တာဝန်ရှိသူတွေဟာ သူမရဲ့ညှည်းပန်းနှိပ်စက်ခံရမှုကို တာဝန်ယူဖြေရှင်ပေးပြီး သူမနေထိုင်ရာ ဖီလစ်ပိုင်နိုင်ငံကို ပြည်လည်ပို့ဆောင်ပေးကြပါတယ်။

ပရိသတ်တွေလည်း ဒီအဖြစ်အပျက်လေးကို သိရှိပြီးသွားမယ်ဆိုရင် တိုင်းတပါးမှာ အိမ်အကူသွားရောက်လုပ်ကိုင်နေရတဲ့ အမျိုးသမီးလေးတွေရဲ့ ဘဝကို စာနာနားလည်နိုင်ကြလိမ့်မယ်လို့ထင်ပါတယ်။

SOURCE – DAILY MAIL 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။