မြင်သူတိုင်းနှစ်သက်အားကျရလောက်တဲ့ ရွှေမှုန်ရတီနဲ့ ရွှေထူးတို့စုံတွဲလေးကို တတိုင်းပြည်လုံးရှိပရိသတ်တွေက ချစ်ခင်ကြတာဖြစ်ပါတယ်..။ ရွှေနှစ်ရွှေ ဇနီးမောင်နှံဟာဆိုရင် အနုပညာအလုပ်တွေကိုဆက်လက် လုပ်ကိုင်နေပြီး အရင်ကထက်ပင် အောင်မြင်မှုများစွာကို လက်ဝယ်ပိုက်ထားတာဖြစ်ပါတယ်...။ အိမ်ထောင်သက်တမ်း ခိုင်မြဲလာပြီး အချစ်တွေ ပိုပိုလာတဲ့ ရွှေထူးနှင့် ရွှေမှုန်ရတီဟာ တစ်ယောက်ကို တစ်ယောက် မျက်စိအောက်ကနေ အပျောက်မခံနိုင်သူတွေပဲဖြစ်ပါတယ်...။ တစ်ယောက်နဲ့တစ်ယောက် romantic ဆန်ဆန် surprise လုပ်ပေးခဲ့ကြတာကို ပရိသတ်တို့အနေနဲ့ အားကျဖွယ် မြင်တွေ့ကြရမှာပါ...။

ရွှေမှုန်ရတီဟာ မြန်မာဗီဒီယိုလောကမှာထဲက အောင်မြင်မှုများစွာ ရရှိခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးများစွာကို လက်ခံရိုက်ကူးခဲ့တာဖြစ်ပါတယ်...။ ရွှေထူးဟာလည်း တေးသီချင်းများစွာကို ဖန်တီးရေးစပ်ခဲ့ပြီး လူငယ်ပရိသတ်တွေရဲ့ အသည်းနှလုံးတွေမှာ အပြီးအပိုင်နေရာယူနိုင်ခဲ့တာပါနော်...။ နောက်ပိုင်းမှာဆိုရင်တော့ ရွှေထူးဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာပါ ပါဝင်သရုပ်ဆောင်ခဲ့ပြီး အခုလက်ရှိ ရုံတင်ပြသနေတဲ့ "ဧည့်သည်" ရုပ်ရှင်ဇာတ်ကားကြီးမှာ ဇနီးဖြစ်သူ ရွှေမှုန်လေးနဲ့အတူ သဘာဝကျကျ ကောင်းမွန်တဲ့ အိုက်တင်တွေကို ရှုစားကြရမှာပါ..။

ပရဟိတလုပ်ငန်းတွေ၊ အလှူအတန်းကိစ္စတွေကိုလည်း စိတ်ရောကိုယ်ပါနှစ်ပြီး ပြုလုပ်ပေးတဲ့ ရွှေနှစ်ရွှေ ဇနီးမောင်နှံကို မုဒိတာထားဖွယ် ဂုဏ်ယူလေးစားကြရမှာပါနော်...။ ခရီးတွေလည်း အတူထွက်လေ့ရှိပြီး ဇနီးဖြစ်သူ ရွှေမှုန်ရတီသွားချင်တဲ့ နေရာမှန်သမျှကို ရွှေထူးဟာ လိုက်ပို့လေ့ရှိတာဖြစ်ပါတယ်...။ facebook စာမျက်နှာပေါ်တွင် ရွှေနှစ်ရွှေရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုတွေ၊ နေ့စဉ်လှုပ်ရှားမှုတွေကို အမြဲလိုလို ရှုစားကြရမှာဖြစ်ပြီး အခုတစ်ခါမှာဆိုရင်လည်း ရွှေမှုန်ရတီရဲ့ မဟာဆန်တဲ့ အပြုံးလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်...။

Source Shwe Mhone Yati

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။