ဂျပန် မြန်မာချစ်ကြည်ရေး လုပ်ဆောင်မှုတွေထဲမှာ မြန်မာ့ရိုးရာလက်ဝှေ့ထိုးသတ်မှုကတော့ အဓိကအခန်းကဏ္ဍကပါဝင်လျှက်ရှိတာတွေ့ရပါတယ်။ မြန်မာ့လက်ဝှေ့ကို ချစ်မြတ်နိုးကြပြီး လက်ရှိ ဂျပန်နိုင်ငံသား မြန်မာ့လက်ဝှေ့ပညာရှင်များစွာလည်း ထွက်ပေါ်လျှက်ရှိတာတွေ့ရပါတယ်။ မကြာသေးမီကလည်း ဂျပန်မြန်မာ လက်ေဝှေ့ပွဲကြီးကို ကျင်းပခဲ့ပြီး မြန်မာ့ကိုယ်စားပြုဖိုက်တာများစွာသွားရောက်ခဲ့ကြောင်း သိရပါတယ်။  

အဆိုပါ ပြိုင်ပွဲကိုတော့ မြန်မာ့ကိုယ်စားပြု လူငယ်လက်ဝှေ့ဖိုက်တာတွေဖြစ်ကြတဲ့ ဗျဂ ္ဃ၊ ရဲသွေးနီနဲ့ မင်းမောင်မောင်တို့လည်း သွားရောက်ထိုးသတ်ခဲ့ကြကြောင်း သိရပါတယ်။ တိုကျိုနိုင်ငံသို့ သွားရောက်ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပြီး ဗျဂ ္ဃကတော့ ပြိုင်ဘက်ဖိုက်တာ ဟီဂါရှီကို ဒိုင်ပွဲရပ်ဖြစ် အနိုင်ယူနိုင်ခဲ့ကြောင်း သိရပါတယ်။  

ပြိုင်ပွဲကို နှစ်ဘက်ဖိုက်တာတွေအလူးအလဲ ထိုးသတ်ခဲ့ကြပြီး ဗျဂ ္ဃရဲ့ ခေါင်းတိုက်ချက်နဲ့ ထိုးချက်တွေကြောင့် ခေါင်းကွဲဒဏ်ရာဖြစ် ဆေးရှုံးပေးခဲ့ရကြောင်း သိရပါတယ်။ အမိုက်စားပွဲတစ်ပွဲဖြစ်ခဲ့တဲ့ ဗျဂ ္ဃ(မြန်မာ)နဲ့ ဟီဂါရှီ(ဂျပန်)တို့ရဲ့ ပွဲဗီဒီယိုဖိုင်လေးကို မျှဝေပေးလိုက်ပါတယ်။

vide0 - maung tun wai

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။