ချစ်ပရိသတ်ကြီးရေ Mrtv-4 မင်းသမီးတစ်ဦးဖြူပြီးစိတ်ထားဖြူစင်လှပတဲ့ ပိုးကြာဖြူခင်ကိုသိကြမယ်ထင်ပါတယ်နော်။ "မိုးကောင်းကင်အိမ်မက်" ရုပ်သံဇာတ်လမ်းတွဲမှာ အဆိုတော်မလေးဆိုင်းမိုင်အဖြစ် ပရိသတ်တို့ရဲ့ အသည်းနှလုံးကို ယခုအချိန်အထိခြွေယူသိမ်းပိုက်ထားနိုင်တဲ့ သရုပ်ဆောင်မင်းသမီးချောလေးဖြစ်ပါတယ်။ သဘာဝကျကျသရုပ်ဆောင်ပိုင်နိုင်မှုတွေကြောင့် အချိန်တိုအတွင်းမှာပဲ တတိုင်းပြည်လုံးရှိပရိသတ်တွေက တစ်ခဲနက်ချစ်ခင်အားပေးကြတာဖြစ်ပါတယ်။

သူမရဲ့လတ်တလောအနုပညာလှုပ်ရှားမှုတွေဟာဆိုရင်တော့ ရုပ်သံဇာတ်လမ်းတွေဆက်လက်ရိုက်ကူးနေတာဖြစ်ပြီး၊ Mtv တွေကိုလည်းလက်ခံရိုက်ကူးလာတာဖြစ်ပါတယ်။ ရိုးရိုးယဉ်ယဉ်ဝတ်စုံလေးတွေနဲ့ photo shooting တွေရိုက်ကူးတာကိုလည်းပရိသတ်ကြီးတို့ရှုမြင်ခံစားခဲ့ကြရမှာဖြစ်ပါတယ်။ သူမရဲ့အလှပုံရိပ်လေးတွေကို facebook ပေါ်တွင် စဉ်ဆက်မပြတ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်။ ခရီးသွား ဝါသနာပါသူဖြစ်ပြီး သူငယ်ချင်းတွေနဲ့အတူ ဘဝကြီးကို အေးချမ်းသာယာစွာဖြတ်သန်းနေတာဖြစ်ပါတယ်...။ သူမရဲ့ မောင်လေးဟာဆိုရင်လည်း အနုပညာလောကထဲသို့ ဝင်ရောက်လာပြီဖြစ်ပါတယ်...။

ပိုးကြာဖြူခင်ဟာ ပရိသတ်ကြီးနဲ့အဆက်အသွယ်မပြတ်ရအောင် လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ facebook ပေါ်တွင် သူမရဲ့ နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကို အစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်..။ အခုတစ်ခါမှာဆိုရင်လည်း "July လထဲမှာ နောက်ထပ် ဇာတ်လမ်းတွဲ အသစ်လေးတစ်ခု ထပ်ရိုက်ဖို့ရှိပါတယ် ရိုက်ရမှာက ရန်ကုန် နဲ့ မန္တလေး ရင်ခုန်နေပါတယ် အကောင်းဆုံးကြိုးစားပါ့မယ်" ဆိုတဲ့ အသိပေး စာသားလေးနဲ့တကွ အမှတ်တရ ပုံရိပ်တွေကိုထုတ်ဖော်ပြသထားပြီး Myanmarload ပရိသတ်ကြီးလည်းသိရှိခံစားရအောင်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်...။

Source Poe Kyar Phyu Khin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။