ပရိသတ်ကြီးရေ ရုပ်သံဇာတ်လမ်းတွဲများမှတစ်ဆင့် ပရိသတ်တွေရဲ့အချစ်တွေကိုသိမ်းပိုက်ရရှိထားသူကတော့ မင်းသားချောလေးအောင်ရေချမ်းပဲ ဖြစ်ပါတယ်။ သူဟာ MRTV-4 ရုပ်သံဇာတ်လမ်းတွဲများမှတစ်ဆင့် အနုပညာလောကကို အချိန်တိုအတွင်းရောက်ရှိလာသူပါ။ သူဟာ ပျားရည်အိုင် ဆိုတဲ့ရုပ်သံဇာတ်လမ်းတွဲမှာလည်း ပရိသတ်တွေရဲ့အားပေးမှုကိုရရှိထားသူပါ။ 

ပီပြင်ကျွမ်းကျင်လှတဲ့ သရုပ်ဆောင်ချက်တွေကြောင့်လည်း အချိန်တိုအတွင်းမှာ အနုပညာလမ်းကြောင်းပေါ်တွင် အောင်မြင်မှုတွေရရှိနေတာလည်း ဖြစ်ပါတယ်။ သူပါဝင်သရုပ်ဆောင်ထားတဲ့ “ ကျွန်မက မဟေသီ” ဆိုတဲ့ရုပ်သံဇာတ်လမ်းလေးဟာ ပရိသတ်တွေကြားမှာ အရမ်းကိုနာမည်ကြီးနေတာပါ။ ဒီဇာတ်ကားလေးဟာ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေးဖြစ်ပြီး ပရိသတ်တွေကြိုက်နှစ်သက်တဲ့ရုပ်သံဇာတ်လမ်းလေးလည်း ဖြစ်ပါတယ်။ 

အခုတစ်ခေါက်မှာလည်း အနုပညာမောင်နှမတွေဖြစ်တဲ့ သံသာမိုးသိမ့်၊ ဝင့်ယမုံနိုင်တို့နဲ့အတူ အမိုက်စားtik tok video လေးတစ်ခုတင်ထားတာပါ။ဒီဗီဒီယိုလေးမှာ သူတို့သုံးယောက်လုံးအရမ်းကိုချစ်စရာကောင်းပြီး အတွဲညီညီကပြထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း သူတို့အနုပညာမောင်နှမသုံးယောက်ရဲ့အမိုက်စား Tik Tok ဗီဒီယိုလေးကို အားပေးကြည့်ရှုကြပါဦးနော်။

Source- KhinHninhninmoe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။