မနေ့ညက လာလီဂါ နောက်ဆုံးပွဲစဉ်မှာ အေဘာဖက်ကို ၂ဂိုးသွင်းခဲ့တဲ့ မက်ဆီဟာ လာလီဂါမှာ သွင်းဂိုး ၃၆ဂိုး အထိရှိခဲ့ပြီး ပီချီချီ ရွှေဖိနပ်ဆုကို ၆ကြိမ်မြောက် ရရှိခဲ့ပါတယ်။ မက်ဆီဟာ ဒီနှစ်ရာသီအတွင်း ပြိုင်ပွဲအရပ်ရပ် ၄၉ပွဲမှာ သွင်းဂိုး ၅၀အထိ သွင်းယူနိုင်ခဲ့ပြီး ဥရောပပြိုင်ပွဲတွေက ဂိုးအများဆုံးသွင်းတဲ့ ရွှေဖိနပ်ဆုတွေကို သိမ်းပိုက်ဖို့ ရှိနေပါတယ်။လာလီဂါမှာ ၃၆ဂိုး သွင်းပြီး ရွှေဖိနပ်ဆုရခဲ့သလို မက်ဆီဟာ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဂိုးအများဆုံးနဲ့ ဥရောပ ကလပ်ပြိုင်ပွဲရဲ့ ဂိုးအများဆုံး ရွှေဖိနပ်ဆုတွေကိုပါ ရယူနိုင်တော့မှာ ဖြစ်ပါတယ်။  

တစ်ခါ ဥရောပ ကလပ်တွေထဲမှာလည်း မက်ဆီဟာ အဓိက ပြိုင်ဖက် အမ်ဘတ်ပေထက် ၄ဂိုး အသာရထားပြီး ၅ကြိမ်မြောက် ဥရောပ ရွှွေဖိနပ်ဆုကို ရဖို့ နီးစပ်နေပါတယ်။ အမ်ဘတ်ပေဟာ ပီအက်စ်ဂျီနဲ့ နောက်ဆုံး တစ်ပွဲ ကစားဖို့ကျန်နေသေးပေမယ့် ၃၂ဂိုး သွင်းထားတဲ့ သူ့အတွက် အနည်းဆုံး ၄ဂိုးနဲ့ အထက်သွင်းနိုင်ဖို့ လိုအပ်နေတာပါ။ 

မက်ဆီအတွက်တော့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရင်နာစရာ ရှုံးနိမ့်ခဲ့ရပေမယ့် လာလီဂါ ချန်ပီယံဆုနဲ့ ( စပိန်ဘုရင့်ဖလား ဖိုင်နယ်ကျန်သေး) တစ်ဦးချင်း အကောင်းဆုံးဆုတွေကို သိမ်းကျုံးရယူနိုင်ခဲ့တဲ့ နှစ်တစ်နှစ် ဖြစ်လာပါတယ်။ပြိုင်ဖက်ရော်နယ်ဒိုကတော့ ဥရောပထိပ်တန်းဂိုးစာရင်းမှာ မရပ်တည်နိုင်သလို အီတလီလိဒ်ရဲ့ ဂိုးသွင်းစာရင်းမှာလဲ အဆင့်၄နေရာမှာ ရပ်တည်နေနိုင်ပါတယ်။

source: bbc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။