အနုပညာအလုပ်တွေကိုရပ်နားလိုက်ပြီး US မှာ အချေခြကာ မိသားစုဘဝလေးနဲ့ ပျော်ရွှင်သာယာနေတဲ့ ဇူးဇူးမောင်တစ်ယောက် Chloe ဆိုတဲ့ သမီးလေးရဲ့ ချစ်စရာအပြု အမူလေးတွေကို လူမှုကွန်ယက်မှာဝေမျှခဲ့ပါတယ်။ အရမ်းကိုချစ်စရာကောင်းတဲ့ သမီးလေးက တော်လွန်းတတ်လွန်း လို့ ပရိသတ်တွေကလည်း သိပ်ချစ်ပြီး အသည်း တယားယားနဲ့ပါပဲ။ Chloe လေးတစ်ယောက် ကာတွန်းဇာတ်ကားထဲက စုန်းမကြီးက မင်းသမီးကို ခေါ်တဲ့ အသံလေးကို လုပ်ပြနေပုံလေးက အသည်းယားစရာကောင်းလွန်း နေပါတယ်။

ချစ်စရာကောင်းတဲ့ ဒီဆည်းလည်းလေးကြောင့်လည်း မေမေရော ဖေဖေရာ ကြည်နူးမဆုံး ဖြစ်လို့နေပါတယ်။ အဒေါ်ဖြစ်သူ မေသန်းနုကတော့ US ရောက်တိုင်း တူမလေးရဲ့အိမ်ကို အမြဲတမ်းအလည်သွားတတ်ပါသေးတယ်။ လက်ရှိမှာတော့ ဇူးဇူးမောင်တစ်ယောက် ကိုယ်ပိုင်စီးပွားရေးအဖြစ်နဲ့ အဝတ်အစားနဲ့ Accessories လေးတွေ ရောင်းချနေပြီး Quality ကောင်းတာမို့ အားပေးသူတွေလည်း အများအပြားပါပဲ။ သာယာပျော်ရွှင်တဲ့ မိသားစုဘဝ လေး တည်ဆောက်ခဲ့တာ ရှစ်နှစ်တိုင်ခဲ့ပြီဖြစ်ပါတယ်။

သူမသမီးလေး Chloe ရဲ့ ချစ်စဖွယ် Video လေးကို " ကာတွန်းထဲက စုန်းမကြီးက မင်းသမီး လေးကိုခေါ်တဲ့အသံကို Chloe လေးကလုပ်ပြတာရယ်နေရလို့ပါ " ဆိုပြီး တင်လိုက်တာပဲ ဖြစ်ပါတယ်။ ပန်းရောင်ဂါဝန်လေး ဝတ်ထားပြီး တကယ့်မင်းသမီး လေးလို ချစ်စရာကောင်း လွန်းတဲ့ သမီးလေး Chloe ရဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်တယ် နော်။

Photo - Ngu War War

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။