ပရိသတ်တွေကြီးရေ.. ဂီတအနုပညာလောကမှာ အားပေးနေကြတဲ့ ပရိသတ်အခိုင်အမာ အောင်မြင်တဲ့ အနုပညာရှင်ဆယ်လီတစ်ဦးအဖြစ် ရပ်တည်နေသူကတော့ အဆိုတော် ကျော်ကျော်နန္ဒပဲ ဖြစ်ပါတယ်နော်..။

အဆိုတော် ကျော်ကျော်နန္ဒကတော့ အများနဲ့မတူတဲ့ အမိုက်စားဖက်ရှင်တွေကြောင့် ပရိသတ်တွေကြား ရေပန်းစားပြီး ပရိသတ်တွေရဲ့ စိတ်ဝင်တစားစောင့်ကြည့်မှုတွေကို ရရှိထားတဲ့ အနုပညာရှင်တစ်ဦးပါပဲ..။


ကျော်ကျော်နန္ဒကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းက ကျရောက်ခဲ့တဲ့ ကဆုန်လပြည့်နေ့ ဗုဒ္ဓနေ့လေးမှာလည်း လမ်းဘေးခွေးလေးတွေကို ထမင်း ဟင်း ကျွေးမွေးလှူဒါန်းပြီး အာဟာရဒါနလေး ပြုလုပ်ပြီး ကောင်းမှုကုသိုလ်လေးတွေ ပြုလုပ်ကုသိုလ်ယူခဲ့တာ တွေ့ရပါတယ်..။

ကဆုန်လပြည့်နေ့စနေနေ့ မှာ ကျရောက်တဲ့ မွေးရက်အလှူအဖြစ် မိခင်ဖြစ်သူချက်ပေးတဲ့ ထမင်းနဲ့ ကြက်သားဟင်းတို့ကို ခွေးလေးတွေအတွက် ထမင်းထုတ်အဟာရ ကုသိုလ်ပြုခဲ့တာပဲ ဖြစ်ပါတယ်နော်..။


မိခင်ချက်ပေးတဲ့ ထမင်းနဲ့ ကြက်သားဟင်းလေးကို ကိုယ်တိုင်ကိုယ်ကျ ထုတ်ပိုးပြီး လမ်းဘေးခွေးလေးတွေအတွက် စေတနာအပြည့်နဲ့ ကျွေးမွေးလှူဒါန်းခဲ့တဲ့ ပုံရိပ်လေးတွေကလည်း တကယ်ကို ကြည်နူးချမ်းမြေ့စရာလေးပါပဲ..။

ခွေးလေးတွေအတွက် အခုလို အာဟာရဒါနလေး ပြုလုပ်ကုသိုလ်ယူခဲ့တဲ့ ကောင်းမှုလေးကိုလည်း ပရိသတ်တွေသာဓုခေါ်ကုသိုလ်ယူနိုင်ဖို့အတွက်လည်း ကျော်ကျော်နန္ဒက ပြန်လည်မျှဝေထားပြီး ဆုတောင်းစကားလေးလည်း ဆိုထားတာ တွေ့ရပါတယ်နော်..။

Photo - ကျော်ကျော်နန္ဒ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။