ပရိသတ်ကြီးရေ ဖူးစုံကတော့ ယနေ့ချိန်ထိ အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေကာ ချစ်ရတဲ့ မိသားစုနဲ့အတူ အေးချမ်းပျော်ရွှင်စွာ နေထိုင်နေတာပဲဖြစ်ပါတယ်။အပျိုကြီးတစ်ယောက်ဖြစ်တဲ့ ဖူးစုံအတွက်ကတော့ တူမလေး အခရာက တီတီဖူးစုံအတွက် အဖော်ရပြီး တူဝရီးနှစ်ယောက်ကတော့ ဘယ်သွားသွား ဘယ်လာလာ အတူတူပါပဲနော်။

အခရာလေးက စကားတွေလည်းအရမ်းတတ်ပြီး အရမ်းချစ်စရာကောင်းလွန်းလို့ မြင်တွေ့တဲ့ သူတိုင်းကချစ်ကြပါတယ်နော်။အခရာလေးကလည်း ဖူးစုံလိုပဲ အနုပညာသွေးလေးပါတာကြောင့် ကျောင်းကပွဲတွေမှာဆို အမြဲပါနေကျဖြစ်ပါတယ်။အခရာလေးက ဓာတ်ပုံရိုက်တဲ့အခါလည်း ပဲလေးပေးတတ်ပြီး ပိုစ့်အမျိုးမျိုးကို အချိန်ခဏလေးအတွင်းမှာ ပေးနိုင်တဲ့ ချစ်စရာကောင်းတဲ့ ကလေးလေးပါ။

အခုဆိုရင်တော့ ဖူးစုံတို့တူဝရီးနှစ်ယောက်ကတော့ ပုဂံကို ရောက်ရှိလို့နေပါတယ်။တီတီဖူးစုံကို အခရာက ချစ်လို့ ချစ်လို့ဆိုပြီး ဓာတ်ပုံတွေကို ကိုယ်တိုင်ရိုက်ပေးကာ ပိုစ့်တွေအမျိုးမျိုးပေးခိုင်းနေပါတော့တယ်။ပရိသတ်ကြီးအတွက်လည်း ဖူးစုံတို့တူဝရီးနှစ်ယောက်ရဲ့ ချစ်စရာပုံရိပ်လေးတွေကို မျှဝေပေးလိုက်မှာမို့ အားပေးလိုက်ကြပါဦးနော်။

Source:Ma Pwint

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။