တစ်ခါတစ်လေမှာ အရမ်းကိုကြည်နူးစရာကောင်းတဲ့ အချစ်ဇာတ်လမ်းလေးတွေက ဇာတ်သိမ်းမလှခဲ့တာတွေရှိပါတယ်။ ပရိသတ်ကြီးထဲမှာလဲ အဲ့လိုခံစားခဲ့ဖူးမဲ့ သူတွေရှိမယ်လို့ထင်ပါတယ်။ လူတော်တော်များများမှာလဲ ကိုယ်နဲ့အရမ်းချစ်ကြိုက်ခဲ့ကြပေမဲ့ ကံတရားကြောင့်ပဲဖြစ်ဖြစ် ကိုယ်ကြောင့်ပဲဖြစ်ဖြစ် ဇာတ်သိမ်းမလှပဲ ပြတ်သွားခဲ့ကြရပါတယ်။ အဲ့လိုချိန်တွေမှာ သင်ဟာလဲ ပတ်သတ်တာတွေမေ့ဖျောက်ဖို့ ကြိုးစားနေမယ်။ အဲ့လိုမေ့ဖို့လုပ်နေတဲ့အခြေအနေမှာ ရည်စာဟောင်းကို ချစ်ရင်လဲ ချစ်နေမိမှာပဲ...ထင်မထားပဲ Best Friend က ရည်စားဟောင်းနဲ့အဆက်အသွယ်လုပ်နေတာကို သိသွားတဲ့အခါမှာ.....။ 

အဲ့လိုသိသွားတဲ့အခါမှာ သင့်ဘက်က အမျိုးမျိုးဖြစ်လာနိုင်ပါတယ်။ သူငယ်ချင်းကိုလဲ အရမ်းခင်တာမို့ မထိခိုက်စေချင်ဘူး....ဘယ်သူကိုမှလဲ ပြဿနာမတက်စေချင်းတဲ့အခါမှာ သင်ဘာလုပ်မလဲ။ သင်BF နဲ့ EX တို့အဆက်အသွယ်ဖြစ်သွားရတဲ့အကြောင်းလေးကိုပြောပြပါမယ်။ လူတွေက ကိုယ့်အသိတွေထဲက သူတွေနဲ့ပဲ အဆက်အသွယ်လုပ်ကြတာများတယ်လေ။ ကိုယ်သူငယ်ချင်းရဲ့ ချစ်သူ ဒါမှမဟုတ်သူငယ်ချင်း စသဖြင့် အသိတွေရဲ့အသိတွေ တဖြည်းဖြည်း သိလာကြစမြဲပါ။ သင်မသိခင်မှာ သင့်BF က သင့်EX ကိုစိတ်ဝင်စားအောင်ပြုလုပ်နေခဲ့တာတွေကြောင့်လဲဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ်လဲ ပြောင်းပြန်စဉ်းစားလိုက် သင့်EX က သင့်BF ကိုစိတ်ဝင်စားအောင်ပြုလုပ်နေခဲ့တာကြောင့်လဲဖြစ်ပါတယ်။ 

ဘာတွေဘယ်လိုပဲဖြစ်ဖြစ်ပါ...သင်လုပ်ရမဲ့ အရာတွေက လွယ်ကူပါတယ်။ သွားပြီးတော့ ပြဿနာတွေမရှာမိပါစေနဲ့...ရှိနေတဲ့အဖြစ်ကို ဆက်လက်ရှိပါစေ။ သင့်ဘက်ကနေပဲ လုပ်စရာလေးတွေလုပ်လိုက်ပါ။ ကလဲ့စာချေဖို့မစဉ်းစားပါနဲ့....ဒေါသထွက်ပြီးတော့ လျောက်မလုပ်ပါနဲ့ ထွက်လာတဲ့ ဒေါသကို သတ်လိုက်ပါ။ တချို့အချိန်တွေကို ၁ယောက်ထဲဖြတ်သန်းပါ....တခါတလေတစ်ယောက်တည်း သွားလာတာကလဲ ကောင်းပါတယ်။ နာကျင်မှုတွေ ပူဆွေးမှုတွေ ပျောက်သွားပါလိမ့်မယ်။ သင့်ကိုအားပေးနှစ်သိမ့်တဲ့သူတွေနဲ့ အချိန်ကိုဖြုန်းပါ.....Best Friend ဆိုတာရှိသလို Good Friend ဆိုတာလဲ ရှိစမြဲပါ သင်အနားမှာမရှိဘူးခံစားရရင် ရောက်လာပါလိမ့်မယ်။ အဆင်ပြေသွားမှာပါ.......။ 

Source : LoveDevani 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။