ပရိသတ်ကြီးရေ.. သရုပ်ဆောင်မင်းသားချောလေး အောင်ရေချမ်းနဲ့ မင်းသမီးချောလေးဝင့်ယမုံနိုင်တို့ကတော့ အနုပညာလောကမှာ MRTV-4 ရုပ်သံဇာတ်ကားတွေနဲ့ ပရိသတ်တွေကြား အမြဲရေပန်းစားနေကြတဲ့ ပရိသတ်တွေရဲ့ အချစ်တော်လေးတွေပဲ ဖြစ်ပါတယ်..။

"ကျွန်မက မဟေသီ" ဇာတ်ကားမှာ မင်းမျိုးနွယ်နဲ့ စံမြန်းဆိုတဲ့ ဇာတ်ကောင်နာမည်လေးတွေနဲ့ နှစ်ဦးသား လိုက်ဖက်ညီညီ ပီပြင်လွန်းတဲ့သရုပ်ဆောင်ပိုင်နိုင်မှုတွေကြောင့် တကယ်စုံတွဲလေးလို့ မြင်ရလောက်အောင် ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားကြသူတွေပဲ ဖြစ်ပါတယ်နော်..။

အောင်မြင်ကျော်ကြားတဲ့ သူတို့အနုပညာရှင်နှစ်ဦးကတော့ အနုပညာအလုပ်တွေကို အတူလုပ်ဆောင်နေသလို အခမ်းအနားပွဲတော်တော်များများကိုလည်း အတူ တက်ရောက်ဖြစ်နေတာ တွေ့ရပါတယ်..။

အခုတစ်ခါမှာလည်း စိန်နန်းတော်ရဲ့ အခမ်းအနားပွဲလေးကိုလည်း နှစ်ယောက်အတူ ပြုံးပြုံးရွှင်ရွှင် ပျော်ပျော်ပါးပါးလေး တက်ရောက်ဂုဏ်ပြုခဲ့ကြပါသေးတယ်..။

နှစ်ယောက်အတူ ပွဲတက်ရင်း စုံတွဲပုံလေးတွေ အမှတ်တရဓာတ်ဖမ်းခဲ့ကြတာကလည်း မင်းမျိုးနွယ်နဲ့ စံမြန်းလေးတို့ကို ပရိသတ်တွေ အမှတ်ရစေအောင် အချစ်ပိုစေပါတယ်နော်..။

လိုက်ဖက်ညီ ချစ်စရာကောင်းလွန်းနေတဲ့ မင်းသားချောအောင်ရေချမ်းနဲ့ ပရိသတ်တွေရဲ့အသည်းကျော်လေး ဝင့်ယမုံနိုင်တို့် အနုပညာမောင်နှမနှစ်ယောက်ရဲ့ ပွဲတက်ပုံရိပ်လေးတွေကိုလည်း ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo - အောင်ရေချမ်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။