မော်ဒယ်၊ သရုပ်ဆောင် ၊ အလှမယ်တစ်ဦးဖြစ်တဲ့ မိုးစက်ဝိုင်ကတော့ ပြီးပြည့်စုံတဲ့ အလှတရားတွေနဲ့ လျှမ်းလျှမ်းတောက် ထင်ပေါ်ကျော်ကြားနေတဲ့ အလှဘုရင်မလေး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မေလ (၂၀) ရက်နေ့ကတော့ ပရိသတ်တွေရဲ့အချစ်တော် မိုးစက်ဝိုင်ရဲ့ မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ်။ ဒီနှစ်မွေးနေ့လေးမှာတော့ မိုးစက်ဝိုင်က သူချစ်ရတဲ့ အနုပညာရှင်အသိုင်းအဝိုင်းက မောင်နှမတွေ၊ မိတ်ဆွေတွေနဲ့အတူ ပျော်ရွှင်စရာ မွေးနေ့ပွဲလေးကို ဆင်နွှဲခဲ့ပါတယ်။

Birthday Girl လေး မိုးစက်ဝိုင်ရဲ့ မွေးနေ့ပွဲကြီးကိုတော့ မနေ့ညက ရန်ကုန်မြို့ရှိ " Novotel Yangon Max " မှာကြီးကျယ်ခမ်းနားစွာ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ထူးခြားလှပတဲ့ အပြင်အဆင်တွေနဲ့ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့တဲ့ မိုးစက်ဝိုင်ရဲ့မွေးနေ့ပွဲကြီးကိုတော့ အနုပညာရှင်တွေများစွာ တက်ရောက်ခဲ့ကြပါတယ်။ ဒိတ်ဒိတ်ကြဲအနုပညာရှင်တွေနဲ့အတူ မွေးနေ့ပွဲကြီး ဆင်နွှဲခဲ့တဲ့ မိုးစက်ဝိုင်ကတော့ အရမ်းကိုပျော်ရွှင်နေခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲလေးမှာတော့ သားညီ၊ ထွန်းထွန်း၊ ရဲလေး၊ လွှမ်းပိုင်၊ ကျော်ထွဋ်ဆွေ၊ ဖွေးဖွေး၊ ဝတ်မှုန်ရွှေရည်၊ နန်းသူဇာ၊ နန်းမြတ်ဖြိုးသင်း၊ B Sox၊ နီနီခင်ဇော် ၊ မိစန္ဒီစတဲ့ အနုပညာရှင်တွေ စုံစုံလင်လင် တက်ရောက်လာကြတာ ဖြစ်ပါတယ်။ အစီအစဉ်တွေများစွာနဲ့ ကျင်းပခဲ့တဲ့ မိုးစက်ဝိုင်ရဲ့မွေးနေ့ပွဲမှာတော့ အနုပညာရှင်တွေအားလုံးက တစ်ပျော်တစ်ပါးကြီး ဆင်နွှဲပျော်ရွှင်ခဲ့ကြတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မိုးစက်ဝိုင်ရဲ့မွေးနေ့ပါတီပွဲကြီးကို တက်ရောက်လာတဲ့ အနုပညာရှင်တွေရဲ့ ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Htin Aung Tun & Nann Myat Phyo Thinn;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။