ဂျူဗင်တပ်အသင်းကတော့ဒီနှစ်စီးရီးအေပြိုင်ပွဲမှာလည်းရာသီမကုန်ခင်တည်းကချန်ပီယံဖြစ်ခဲ့ပြီးပွဲစဉ်တွေနောက်ဆုံးပွဲစဉ်မှာတော့ဆုဖလားနဲ့တူတူအောင်ပွဲခံခဲ့ပါတယ်။ဂျုဗင်တပ်အသင်းအတွက်တော့ဒီနှစ်ဘောလုံးရာသီနဲ့ဆို၅နှစ်ဆက်တိုက်အမှတ်ပေးချန်ပီယံဆုကိုရယူနိုင်ခဲ့တာပါ။ဂျူဗင်တပ်အသင်းဟာဒီနှစ်ဘောလုံးရာသီအစမှာကမ္ဘာကျော်ဘောလုံးသမားရော်နယ်ဒိုကိုဝယ်ယူပြီးနောက်ပိုင်းအသင်းကပိုတောင့်တင်းပြီးနိုင်ပွဲတွေပိုယူလာနိုင်တာပါ။

ဒီပြိုင်ပွဲမှာဂျူဗင်တပ်အသင်းအတွက်ပါဝင်ခြေစွမ်းပြကစားပြီးအောင်ပွဲခံခဲ့တဲ့ရော်နယ်ဒိုကလည်းမတူညီတဲ့နိုင်ငံတိုင်းမှာအမှတ်ပေးချန်ပီယံတွေရယူနိုင်တဲ့ကစားသမားအဖြစ်မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ရော်နယ်ဒိုဟာတစ်ခြားစံချန်တွေလည်းတင်နိုင်ခဲ့တဲ့ကစားသမားဖြစ်ပါတယ်။အီတလီစီးရီးအေရဲ့အကောင်းဆုံးကစားသမားဆုကိုရရှိခဲ့ပြီးအင်္ဂလန်၊စပိန်နဲ့အီတလီလိဒ်တွေမှာအကောင်းဆုံးဆုတွေရဖူးတဲ့ကစားသမားဖြစ်လာခဲ့ပါပြီ။

ရော်နယ်ဒိုကိုဒီလိုအောင်မြင်မှုတွေရအောင်စွမ်းဆောင်ပေးနိုင်တဲ့သူနှစ်ယောက်ရှိပါတယ်။ဒါကတော့သူ့ရဲ့ချစ်သူဂျော်ရီနာနဲ့သူ့ရဲ့သားလေးဂျူနီယာရော်နယ်ဒိုတို့ပဲဖြစ်ပါတယ်။သူတို့ကတော့ဒိုလေးရဲ့အရေးကြီးတဲ့ပွဲတွေတိုင်းမှာလာရောက်အားပေးပြီးဒိုလေးကိုစိတ်ဓာတ်တွေတက်ကြွအောင်အားပေးခဲ့တဲ့သူတွေဖြစ်ပါတယ်။ဒါကြောင့်သူတို့ကဒိုလေးအောင်မြင်မှုအတွက်နောက်ကွယ်ကနေပံ့ပိုးပေးနိုင်သူတွေဖြစ်ကြပါတယ်။

SOURCE:cristiano

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။